ဖနွမ်းပင် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏ လက်ဖြင့် ရက်လုပ်ထားသည့် လည်စည်းပုဝါ (သို့မဟုတ်) ခမာဘာသာစကားဖြင့် krama သည် ကမ္ဘာ့အရှည်ဆုံးလည်စည်းအဖြင့် ဇူလိုင် ၁ ရက်တွင် ဂရင်းနစ်စံချိန် စာအုပ်၌ မှတ်တမ်းတင်ခံရကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) မြန်မာ – ထိုင်း နှစ်နိုင်ငံ နယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ လူငယ် ၁၃ ဦးပိတ်မိနေသည့် ထမ့်လုံခွန်နမ့် လိုဏ်ဂူ နှင့် ဆက်စပ် နိုင်သည့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နယ်အတွင်းမှ လိုဏ်ဂူများတွင် ကူညီရှာဖွေမှုများ ပြုလုပ် ခဲ့ကြောင်း...
နယူးဒေလီ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၃၅ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်တစ်နိုင်ငံလုံးတွင် ဇွန် ၃၀ရက်က ဆန္ဒပြမှုပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ရာ ၎င်းဆန္ဒပြမှုများ မှာ ထရမ့်အစိုးရ၏ ယခုကာလများအတွင်းဖြစ်ပွားခဲ့သည့် မိသားစုဝင်များအား ခွဲခြားထိန်းသိမ်းခြင်း လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြစ်ကြောင်းသိရသည်။
ဒမတ်စကပ်စ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် ဆီးရီးယားတောင်ပိုင်း Daraa ပြည်နယ်နေရာအမြောက်အမြားရှိ လက်နက်ကိုင် ဆန့်ကျင်ရေးသမားများက အစိုးရနှင့်ပြန်လည်သင့်မြတ်ရန် သဘောတူခဲ့ကြောင်း ဆီးရီးယား စစ်တပ် နှင့် သတင်းအေဂျင်စီများ၏ ဇွန်လ ၃၀ ရက် သတင်းများအရ သိရသည်။