Connect with us

WORLD

ကမ္ဘာတစ်ဝှမ်း COVID-19 ဖြင့်သေဆုံးသူ ၉၉၀,၀၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဒိုမီနိုပန်းခြံတွင် လူမှုဘဝခပ်ခွာခွာပုံစံဖြင့် အနားယူနေကြသည့်ပြည်သူများအား စက်တင်ဘာ ၁၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

 

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ကမ္ဘာတစ်ဝှမ်းတွင် စက်တင်ဘာ ၂၆ ရက်အထိ COVID-19 ရောဂါဖြင့် သေဆုံးသူပေါင်း ၉၉၀,၀၀၀ ကျော်ရှိလာကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာ ဌာန(CSSE) ၏ ထုတ်ပြန်ချက် အရသိရသည်။

အမေရိကန်ဒေသစံတော်ချိန် ၃ နာရီ ၂၃ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၁၉၂၃ နာရီ) အထိ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၃၂.၆ သန်းကျော် ရှိပြီး သေဆုံးသူပေါင်း ၉၉၀,၇၃၈ ဦးထိ ရှိလာခဲ့ကြောင်း CSSE ၏ အချက်အလက်များအရ သိရသည်။

 အမေရိကန်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါ အဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၇,၀၆၅,၀၁၉ ဦး နှင့် သေဆုံးသူ ၂၀၄,၂၄၉ ဦးရှိရာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်ထိ ရှိနေကြောင်း သိရသည်။

ယင်းနောက်တွင် ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ဒုတိယအဆိုးရွားဆုံးခံစားနေရသည့် နိုင်ငံအဖြစ် ရပ်တည်နေပြီး သေဆုံးသူ ၁၄၀,၅၃၇ ဦးရှိကြောင်း နှင့် အိန္ဒိယနိုင်ငံက သေဆုံးသူ ၉၃,၃၇၉ ဦးဖြင့် တတိယနေရာတွင် အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။ထို့ပြင် ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ သုံးသောင်း အထက် ရှိသော နိုင်ငံများမှာ မက္ကဆီကို ၊ ဗြိတိန် ၊ အီတလီ ၊ ပီရူး ၊ ပြင်သစ် နှင့် စပိန်နိုင်ငံတို့ ဖြစ်ကြကြောင်း သိရသည်။(Xinhua)