Connect with us

MYANMAR

မြန်မာနိုင်ငံတွင်  COVID-19 အတည်ပြုလူနာသစ် ၈၈၀ ဦး တွေ့ရှိ ၊ ၂၄ ဦးထပ်မံသေဆုံး

နှာခေါင်းစည်းဖြင့် ဈေးလှည့်လည်ရောင်းချသူတို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံတွင်  COVID-19 အတည်ပြုလူနာသစ် ၈၈၀ ဦး တွေ့ရှိခဲ့ပြီး ထပ်မံ သေဆုံးသူ ၂၄ ဦး ရှိကာ စုစုပေါင်းသေဆုံးသူ ၁၉၈ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီ တွင် ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၂၅ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂၆ ရက် ည ၈:၀၀ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၅၈၁၆ ခုအားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် ၈၈၀ ဦးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နှင့် ယနေ့အထိ အတည်ပြုလူနာစုစုပေါင်း ၉၉၉၁ ဦး အထိရှိလာပြီဖြစ်ကြောင်း သိရသည်။ 

သေဆုံးသူ ၂၄ ဦးတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၁၂ ဦး၊ COVID-19 ကုသရေးဌာန(ဖောင်ကြီး) တွင်ကုသမှုခံယူနေသူ ၃ ဦး၊သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၂ ဦး၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင်ကုသမှုခံယူနေသူ ၁ ဦး၊ ပြည်သူ့ဆေးရုံကြီး မော်လမြိုင်မြို့တွင် ကုသမှုခံယူနေသူ ၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးတွင် ကုသမှုခံယူနေသူ ၁ ဦး၊ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၁ ဦး နှင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသူ ၂ ဦး တို့ပါဝင်ကြောင်းသိရသည်။ 

အဆိုပါ သေဆုံးသူများထဲတွင် အသက် ၅၀ နှစ် နှင့် ၅၀ နှစ်အောက် သေဆုံးသူ ၁၀ ဦး နှင့် ကျန် ၁၄ ဦး မှာ အသက် ၅၀ နှစ်အထက်များဖြစ်ကြသည်။ အသက် ၅၀ နှစ် နှင့် ၅၀ နှစ်အောက် သေဆုံးသူများထဲတွင် Case-7343 မှာ အသက် ၁၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး Case-8702 မှာလည်း အသက် ၁၆ နှစ်အရွယ်ရှိ အမျိုးသားဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ၂၄ ဦးမှာ စက်တင်ဘာ ၂၂ ရက် မှ ၂၆ ရက်အတွင်း သေဆုံးခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ထဲမှ ၁၀ ဦးမှာ သေဆုံးချိန်တွင် ဓာတ်ခွဲနမူနာများရယူ၍ ပေးပို့စစ်ဆေးထားဆဲဖြစ်ပြီး COVID-19 ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအဖြေရရှိပြီးနောက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၂,၆၈၁) ဦး အား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)