ကိုလံဘို ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) သီရိလင်္ကာကျွန်းနိုင်ငံတွင် လူပေါင်း ၂,၈၀၀ ကျော် ကူးစက်ခံရပြီး COVID-19 ကပ်ရောဂါ သတိထားရနေရစဉ်ကာလအတွင်းမှာပင် တစ်လကျော်ကြာ ပိတ်ထားခဲ့ရသည့် အစိုးရကျောင်းများအားလုံးကို ဩဂုတ် ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သီရိလင်္ကာပညာရေးဝန်ကြီးဌာနက ဆိုသည်။
ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပညာတော်သင်ဆု ရရှိခဲ့သည့် ကျောင်းသားများ အတွက် ဘွဲ့ နှင်းသဘင် အခမ်းအနား ကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်...
ရန်ကုန် ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၈ ရက်အထိစုံစမ်းဖော်ထုတ်ချက်များအရအမှုပေါင်း ၁,၂၇၉ မှုဖွင့်လှစ်အရေးယူခဲ့ပြီးတရားခံစုစုပေါင်း ၁,၉၆၈ ဦးဖမ်းဆီးရမိခဲ့ကြောင်းနိုင်ငံတော် သမ္မတရုံးကသတင်းထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော်အပြင်ဘက်၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိခဲ့ပြီးနောက် အိမ်ဖြူတော်အတွင်း ပြုလုပ်နေဆဲ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သမ္မတဒေါ်နယ်ထရမ့်သည် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များ၏ အစောင့်ရှောင်ဖြင့် ခေတ္တ ခဏ အပြင်ဘက်သို့ တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ရန်ကုန် ၊ ဩဂုတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော တပ်မတော်သား အတည်ပြုလူနာများ ရောဂါပိုးကင်းစင်သွားပြီ ဖြစ်ကြောင်း နှင့် တပ်မတော်အတွင်း COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်ပြီးဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။