Connect with us

Social

တရုတ်-မြန်မာလူငယ်သိပ္ပံနှင့်နည်းပညာဖလှယ်ပွဲကိုတရုတ်နိုင်ငံကွေ့လိန်မြို့ နှင့်မြန်မာနိုင်ငံရန်ကုန်မြို့တွင်အောင်မြင်စွာကျင်းပ

တရုတ်-မြန်မာလူငယ်သိပ္ပံနှင့်နည်းပညာဖလှယ်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- Guanshi Broadcasting TV)

နေပြည်တော်၊စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား လန်ချန်း-မဲခေါင်နှစ်နိုင်ငံ တရုတ်-မြန်မာ လူငယ်သိပ္ပံနှင့်နည်းပညာဖလှယ်ပွဲ ဆိုင်ရာလှုပ်ရှားမှုအား တရုတ်နိုင်ငံGuanhxiရှိကွေ့လိန်မြို့(Guilin)နှင့်မြန်မာနိုင်ငံရန်ကုန်မြို့ တို့တွင် Video Conferencing ဖြင့်စက်တင်ဘာ ၁၄ ရက် က အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနား၌ တရုတ်နှင့် နိုင်ငံခြားကျောင်းသူကျောင်းသား စုစုပေါင်း၂၀၀ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး Guilin လျှပ်စစ်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ R & D စက်ရုပ်၏ R & D လူငယ်အသင်းက အသိဉာဏ်အတုထည့်ထားသော စက်ရုပ်အား မဲခေါင်မြစ်ကြောင်း ငါးနိုင်ငံရှိ ကျောင်းသားများရှေ့မှောက်သို့ သယ်ယူလာသည့်ပြကွက်ဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်သိပ္ပံနှင့် နည်းပညာဌာနကလည်းကမ္ဘာ့ကပ်ရောဂါကာကွယ်တားဆီးရေးအား အထောက်အကူဖြစ်စေသည့် အသိဉာဏ်အတုထည့်သွင်းထားသည့် ဆေးဖျန်းစက်ရုပ်ကိုပြသခဲ့သည်။

တရုတ်-မြန်မာလူငယ်သိပ္ပံနှင့်နည်းပညာဖလှယ်ပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ- Guanshi Broadcasting TV)

၂၀၂၀ပြည့်နှစ်သည် တရုတ် – မြန်မာနှစ်နိုင်ငံသံတမန်ဆက်သွယ်မှုအနှစ် (၇၀) ပြည့်မြောက်သည့်နှစ်ဖြစ်ပြီး one belt, one road and one country ရည်မှန်းချက်များအရ နှစ်နိုင်ငံ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်မကြာသေးမီနှစ်များကတည်းကနှစ်နိုင်ငံရှိပြည်သူပြည်သားများအကျိုးကိုနက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုသည်လည်းနှစ်နိုင်ငံအကြားအတူတကွတိုးတက်ဖွံ့ဖြိုးရေးအဆင့်အထိအရေးပါသောအနေအထားသို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။

စက်တင်ဘာ၁၄ရက်တွင် ကျင်းပခဲ့သည့်လှုပ်ရှားမှုသည်လန်ချန်း -မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံချက် (Lancang Mekong Cooperation Special Fund Project) ၏နှစ်နိုင်ငံ လူငယ်များအကြားယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုများအနက် ပမာဏကြီးမားသည့်လှုပ်ရှားမှုတစ်ခုဖြစ်ပြီးနှစ်နိုင်ငံမှလူငယ်များအနေဖြင့်သိပ္ပံနှင့်နည်းပညာဖလှယ်ရေးအတွက်အလှမ်းမဝေးတော့ခြင်းနှင့် ကြီးမားသည့်ခြားနားမှုမရှိခြင်းတို့ကို သိရှိနားလည်စေသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.