Connect with us

Social

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်လိုင်များနှင့် ရေယာဉ်လိုင်းများ ယနေ့မှစ၍ ရပ်နားမည်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အဝင်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

 စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိရောက်စွာထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အသီးသီးသို့ ပြေးဆွဲလျက်ရှိသော  မော်တော်ယာဉ်လိုင်များနှင့် ရေယာဉ်လိုင်းများ ယနေ့( စက်တင်ဘာ ၁၆ ရက်)မှစတင်၍ ရပ်နားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID – 19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

” စစ်ကိုင်းတိုင်းမှာ ကူးစက်မှုနှုန်းမြင့်မားနေတဲ့ တိုင်းဒေသကြီးတွေက ပြန်လာတဲ့သူ ၉ ဦးမှာ COVID-19 ရောဂါတွေ့တယ်၊ ကူးစက်မှု ထိန်းနိုင်ဖို့ ကုန်းလမ်းရော ရေလမ်းရော အဝင်အထွက်ရပ်နားလိုက်တယ်၊ ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအနေရောက်ရင် ပြန်ဖွင့်မှာ”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မတီ (မုံရွာ) မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 အလားတူ ရောဂါကူးစက်ပြန့်ပွားမှုအား ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ယခင်ခွင့်ပြုခဲ့သော ဆိုင်ထိုင်စားသောက်ခြင်းမျိုး မဟုတ်ဘဲ Take Away (ပါဆယ်စနစ်)ဖြင့်သာ ယနေ့ (စက်တင်ဘာ ၁၆ ရက်)မှစ၍ ရောင်းချရမည်ဖြစ်ကြောင်း သိရသည်။

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ အတည်ပြုလူနာများသည် ကလေး၊ မော်လိုက်၊အင်းတော်၊ ကောလင်း၊မြောင်၊မြင်းမူ၊ ဘုတလင်၊တန့်ဆည်၊အရာတော် စသည့်မြို့နယ်တို့မှဖြစ်ပြီး လက်ရှိအချိန်ထိ ယင်းတိုင်းဒေသကြီးအတွင်း အတည်ပြုလူနာ ၁၁ဦး စစ်ဆေးတွေ့ရှိထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.