မနီလာ၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Norte ပြည်နယ် ရှိ မြို့ငယ်တစ်ခုတွင် ဖေဖော်ဝါရီ ၈ရက် ကတည်းက အကြိမ် ၂၅၀နီးပါး ငလျင်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင်နှင့် ငလျင်ဌာန (Phivolcs) က ဖေဖော်ဝါရီ ၁၀ရက်...
အဒစ်အက်ဘာဘာ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပြီး ခိုင်မာသောမိတ်ဖက်ဆက်ဆံရေးတစ်ခုအတွက် တွန်းအားပေးခဲ့ကြောင်း အီသီယိုးပီးယားအစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၁၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ် နှစ်ခုတွင် လူပေါင်းများစွာ သေဆုံးမှုဖြစ်ပွားစေခဲ့သော အရက်တုထုတ်လုပ်သည့်စက်ရုံများကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စတန်ဘူလ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ တွင် ရှစ်ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့မှုကြောင့် သေဆုံးသူ ဦးရေသည် ၂၁ဦးအထိ မြင့်တက်လာခဲ့ကြောင်း တူရကီနိုင်ငံ ပြည်ထဲရေးဝန်ကြီး က ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၂)မူဆယ်(ကွတ်ခိုင်လှုပ်ရှား)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း၆၃၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။