ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ၁ ဦး သေဆုံး၍ ၊ ၃၉ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို အင်အားအသုံးပြုမှုများအပါအဝင် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မှုမပြုရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrovက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoကို ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။
ယူနန်၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) လျှပ်စစ်ဓါတ်အား ၅ဝဝ ကီလိုဗို့ မှာ သံသတ္တုများကိုပင် စက္ကန့်ပိုင်းအတွင်းအရည်ပျော်နိုင်လောက်သည့် လျှပ်စစ်ပမာဏဖြစ်သည်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဗို့အားမြင့် လျှပ်စစ် ဓါတ်အားလိုင်းများပေါ်သို့ လျှပ်စစ်ဝန်ထမ်းများက သက်စွန့်ဆံဖျားတက်ရောက်ကာ ပုံမှန် လျှပ်စစ် ပို့လွှတ်နိုင် ရန် ပုံမှန်စစ်ဆေးပြင်ဆင်ရသည်။ ဝန်ထမ်းများမှာ လျှပ်စစ်ဓါတ်အားများပို့လွှတ်နေသည့် လျှပ်စစ်စီးဝင်နေသည့်...
ချီကာဂို၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် နေရာအနှံ့ရေခဲများဖြင့်ဖုံးလွှမ်းလျက်ရှိသည့် မြင်ကွင်းပုံရိပ်ကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ ချီကာဂိုတွင် အအေးဓါတ်လွန်ကဲလျက်ရှိပြီး မိုးစက်မိုးပေါက်များပါ ရေခဲသွားသည်အထိ အေးစက်လျက်ရှိပြီး မြစ်ချောင်းများမှာလည်း ရေခဲပြင်အတိဖြစ်သွားခဲ့သည်။ လမ်းမများပေါ်တွင်လည်းရေခဲများဖုံးလွှမ်းလျက်ရှိသောကြောင့် ရေခဲမြို့တော် ချီကာဂို ကို video ထဲတွင်ရှုစားနိုင်ကြပါသည်။(Xinhua)
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) မိုက်ခရိုဆော့ဖ် တည်ထောင်သူ နှင့် ဘီလ်နှင့် မယ်လင်ဒါ ဖောင်ဒေးရှင်း ပူးတွဲဥက္ကဋ္ဌ ဘီလျံနာ ဘီလ်ဂိတ်ကို ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားခဲ့သည့် ရောဂါများ၊ ဆင်းရဲနွမ်းပါးမှုများကို တိုက်ဖျက်သည့် လုပ်ငန်းများတွင် တိုးတက်မှုအခြေအနေများ၊ အဆိုပါ ကဏ္ဍများတွင် အဓိက ထောက်ပံ့ပေးသည့် တရုတ်နိုင်ငံ...