Connect with us

MYANMAR

ယနေ့ညတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၀) ဦး ထပ်မံတွေ့ရှိ ၊ ၁ ဦးထပ်မံသေဆုံး

နှာခေါင်းစည်းနှင့် အရုပ်ရောင်းနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်  ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၀) ဦးအား ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဓာတ်ခွဲအတည်ပြုလူနာများအနက် ၁ ဦးထပ်မံသေဆုံးခဲ့ကာ  သေဆုံးသူစုစုပေါင်း (၁၆)ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁၂ရက်ည ၈နာရီ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၀) နှစ်အရွယ် အမျိုးသား (Case-2351) သည် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း  ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ အခံရှိခြင်း၊ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းတို့ကြောင့် စက်တင်ဘာ ၁၂ ရက်  နံနက် (၁၀:၃၀) နာရီအချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   

စက်တင်ဘာ ၁၂ ရက် ည (၈:၀၀)နာရီအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း(၂,၅၉၅) ဦး နှင့် သေဆုံးသူပေါင်း (၁၆ ) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း များအနက် စုစုပေါင်း (၆၇၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)