ဘန်ကောက်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း Chachoengsaoပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်က မီးရထားနှင့် ဘတ်စ်ကားတိုက်မိမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးပြီး အခြား ၃၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ချန်ရှား၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် မြို့တော်ချန်ရှားနှင့် အခြားမြို့များဖြစ်သည့် ချန်တယ်၊ ရိယန်တို့ကို ချိတ်ဆက်မည့် ချန်ရိချန်(ချန်တယ်-ရိယန်-ချန်ရှား)မိုးပျံရထားလမ်းတည်ဆောက်မှု၏ ရိချန်(ရိယန်-ချန်ရှား)တံတားတည်ဆောက်မှုအပိုင်းတွင် ချိတ်ဆက်လမ်းခင်းမှုလုပ်ငန်းများ စတင်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွား ၊ သေဆုံးမှု အခြေအနေအရ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲ အတည်ပြု လူနာသစ် ၁,၃၄၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၁၈ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့်...
ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံကျော် ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် တိုးလာခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး...
ပေကျင်း၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် social distancing ကန့်သတ်ချက်များအား ဖြေလျှော့နေပြီဖြစ်ကြောင်းနှင့် အိန္ဒိယနိုင်ငံတွင် ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇ သန်းကျော်ရှိလာကြောင်း အောက်တိုဘာ ၁၁ ရက် သတင်းများအရ သိရသည်။