ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၁၇ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ မြို့နယ် (၂၃၀)မှ ဝက် နမူနာပစ္စည်း စုစုပေါင်း(၂၇,၃၆၃)ခု ကောက်ယူစစ်ဆေး ခဲ့ပါကြောင်း၊ စစ်ဆေးချက်များအရ ဝက်တုပ်ကွေးရောဂါ (Swine Flu – H1N1) ရောဂါပိုးအား...
အစ္စတန်ဘူ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်မြောက်ပိုင်း ဆာကာရာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက် ၄ ဦးနှင့် ဒဏ်ရာရသူအရေအတွက် ၁၀၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကြောင်း တူရကီ ဝန်ကြီးများက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမျိုးသားလုံခြုံရေးဥပဒေ၏ လိုအပ်ချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ ကော်မတီတစ်ရပ်ကို ဇူလိုင် ၃ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း HKSAR အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ချုံချင့်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ အဝေးပြေးလမ်းတစ်ခုပေါ်တွင် မီနီဘတ်စ်ကားတစ်စီးမှာ ရုတ်တရက် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းနံဘေး အကာအရံများကို တိုက်မိ၍ တိမ်းမှောက်ကာ မီးလောင်သွားခဲ့သည်။ အခင်းဖြစ်ရာနေရာအား ဖြတ်သန်းသွားသည့် ယာဉ်မောင်းတစ်ဦးက မီးလောင်နေသည့် ကား၏ လေကာမှန်ကို လေးချက်မျှ ခပ်ပြင်းပြင်းကန်၍ခွဲခဲ့ပြီး ကားအတွင်း...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ကျန်းရှီးပြည်နယ် ကျိအန်းစီရင်စုတွင် သစ်ရွက်ဖြင့်ပေါင်းစပ်ဖန်တီးသည့် ကြွေထည်အနုပညာအဖြစ် အထူးဖန်တီးပြုလုပ်သည့် အနုပညာရှင်တစ်ဦးပေါ်ထွက်ခဲ့သည်။ ကမ္ဘာပေါ်တွင် ထပ်တူညီသောသစ်ရွက်နှစ်ခု မရှိနိုင်သဖြင့် ထပ်တူညီသော သစ်ရွက် ကြွေထည်ခွက်နှစ်ခုလည်းမရှိနိုင်ပေ။ မျက်မှောက်ခေတ် Jian ကောင်တီ၏ ဒေသထွက် ရိုးရာလက်မှုပစ္စည်းတစ်ခုဖြစ်သောသစ်ရွက်ခွက်ကိုထူးခြားစွာဖန်တီးပြုလုပ်ရသည်။ ထိုသို့ဖန်တီးပြုလုပ်ရာတွင် လက်မှုပညာရှင်သည် ကြွေထည်ပစ္စည်းများပေါ်တွင် သစ်ရွက်တစ်ရွက်ကိုပေါင်းစပ်ထည့်သွင်းပေးရသည်။...