Connect with us

Politics, Law & Military

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲသို့ လူဦးရေ ၃၃၀ ကျော် တက်ရောက် 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) 

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ယနေ့ ဩဂုတ် ၁၉ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဖွင့်ပွဲအခမ်းအနားနှင့်အတူ စတင် ကျင်းပခဲ့ရာ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ညီလာခံ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း လူဦးရေ ၃၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ် ငြိမ်းချမ်းရေး လူငယ်အဖွဲ့က “မငြိမ်းချမ်းလို့ မဖြစ်ဘူး” တေးသီချင်းဖြင့် ဦးစွာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ) 

ထို့အတူ နိုင်ငံရေးပါတီများ အစုအဖွဲ့ ကိုယ်စား ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၁) စိုင်းညွှန့်လွင်က အမှာစကား ပြောကြားခဲ့ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှု ဆိုင်ရာ မှတ်တမ်း ဗီဒီယိုကိုလည်း ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြသခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ) 

ဖွင့်ပွဲ အခမ်းအနားပြီးနောက် ညီလာခံ ပထမနေ့ကို ဆက်လက် ကျင်းပခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) ၏ လုပ်ငန်း အစီရင်ခံစာ တင်ပြခြင်း ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ လုပ်ငန်း အစီရင်ခံစာ တင်ပြခြင်း ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် အဆိုပြုလွှာ တင်သွင်းခြင်း ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များ နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု(ဇယား-၁) အဆိုပြုလွှာ တင်သွင်းခြင်း ၊ ဒီမိုကရေစီ နှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ အဆိုပြုလွှာ တင်သွင်းခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117