ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်(၁၆/၆-၇)ကြား၌ မေ ၂၈ ရက်နေ့ နံနက်တွင် ခရီးသည် ၂၀ ဦးလိုက်ပါစီးနင်း လာသည့် ရွှေမန္တလာ Express ယာဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘရပ်ဆဲလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) အီရန်နျူကလီးယားသဘောတူညီချက်သည် ဥရောပသမဂ္ဂ(အီးယူ)၏လုံခြုံရေးအကျိုးစီးပွားနှင့် ဆက်စပ်နေသည်ဟု အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Federica Mogherini က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မေ ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မှ အကြီးအရာရှိတစ်ဦးက ယခုလက်ရှိတွင် အမေရိကန်နိုင်ငံမှ ပိတ်ဆို့တားမြစ်ထားသည့် ရုရှားနိုင်ငံသား ၂၄၅ ဦး နှင့် လုပ်ငန်းအရေအတွက် ၄၃၉ခု ရှိကြောင်း မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ယနေ့ နံနက် ၃နာရီ ၂၀မိနစ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေများစွာ ပျက်စီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က ထုတ်ပြန်သော သတင်းအရ သိရသည်။