Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် နှင့် ပတ်သတ်၍ အမေရိကန် နိုင်ငံ ၏ ပြောဆိုမှု အပေါ် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်ဆောင်ရွက်

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က ဇူလိုင် ၁၄ ရက် ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံ ၏ လတ်တလောကာလအတွင်း တောင်တရုတ်ပင်လယ် နှင့် ပတ်သက်သော ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းအပေါ်  သမိုင်းဖြစ်စဉ် နှင့် လက်တွေ့ဖြစ်ရပ် များအား အလေးမထားဘဲ ရေပိုင်နက် ပြဿနာ ဖြစ်ပွားအောင် ဆောင်ရွက်သည့် ရန်စမှု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ မှားယွင်းသည့် ဆောင်ရွက်မှု အပေါ် အပြင်းအထန် ကန့်ကွက်ပြီး ခိုင်မြဲစွာ ဆန့်ကျင်ကာ အမေရိကန် အနေဖြင့် တောင်တရုတ်ပင်လယ်အရေးတွင် ပြဿနာ မပြုလုပ်ရန် တိုက်တွန်းလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဇူလိုင် ၁၃ ရက် ၌ ထုတ်ပြန်ကြေညာချက် တစ်ခု ပြလုပ်ခဲ့ပြီး တရုတ် နိုင်ငံ ၏ တောင်တရုတ်ပင်လယ် အတွင်းရှိ အချုပ်အခြားအာဏာအများစုသည် နိုင်ငံတကာ ဥပဒေ နှင့် မကိုက်ညီဟုပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန် နိုင်ငံ က သက်ဆိုင်ရာ နိုင်ငံများ အနေဖြင့် တရုတ် နိုင်ငံ ၏ လုပ်ရပ်အပေါ် ကန့်ကွက်ရန် နှင့် တောင်တရုတ်ပင်လယ် တရားစီရင်မှုသည် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ အတွက် အကြုံးဝင်ကြောင်း  ထုတ်ပြန် ကြေညာခဲ့သည်။

ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် မည်သည့် အချိန် မှ တောင်တရုတ်ပင်လယ်တွင်  လွှမ်းမိုးရန် မပြုလုပ်ခဲ့ဘဲ နီးစပ်ရာ နိုင်ငံများ နှင့် တန်းတူညီမျှငြိမ်းချမ်းစွာ ဆက်ဆံခဲ့ပြီး တောင်တရုတ်ပင်လယ်ရှိ အချုပ်အခြာအဏာ နှင့် အကျိုးစီးပွား အား အစွမ်းကုန် ထိန်းသိမ်းကာကွယ်ခဲ့ကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံသည် “နိုင်ငံတကာ ပင်လယ်ရေကြောင်းဥပဒေ” နိုင်ငံတကာ အသိုက်အဝန်းမှ ဖျက်လိုက်ဖျက်ဆီး နုတ်ထွက်ခွဲပြီး နိုင်ငံတကာ ဥပဒေ အား အကျိုးရှိလျှင်သုံး အကျိုးမရှိလျှင် စွန့်လွှတ်သည့် ပုံစံမျိုးဖြင့် တောင်တရုတ်ပင်လယ် အတွင်းသို့ စစ်ရေယာဉ်အများအပြား စေလွတ် ခဲ့ခြင်းသည် တောင်တရုတ်ပင်လယ်တွင် အခြေအနေ ပိုမိုရှုပ်ထွေးအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် အရှေ့တောင် အာရှ နိုင်ငံများနှင့် ၂၀၀၂ ခုနှစ် တွင် ရရှိခဲ့သည့် တောင်တရုတ်ပင်လယ်ကြေညာစာတမ်းအရ တရုတ် နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ အချုပ်အခြာ အာဏာပိုင် နိုင်ငံများ နှင့် ဆွေးနွေးခြင်းဖြင့် နယ်မြေပိုင်ဆိုင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အရှေ့တောင် အာရှနိုင်ငံများ နှင့် အတူတကွ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးအတွက် ထိန်းသိမ်းဆောင်ရွက် ခဲ့ကြောင်း ၊ လက်ရှိချိန် တွင် တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံတို့ ၏ အတူတကွ ကြိုးပမ်အားထုတ်မှုကြောင့် တောင်တရုတ် ပင်လယ်သည် တည်ငြိမ်အေးချမ်းမှု ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံတို့သည် DOC ကို လိုက်နာခဲ့သည့်အပြင် COC ကိုလည်း ပိုမို ထိန်းချုပ်နိုင်စွမ်းရှိအောင် ဆောင်ရွက် ခဲ့ကြောင်း ၊ တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းလွတ်လပ်စွာ သွားလာရေးအား ထိန်းသိမ်းပြီး တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံ အကြား ကပ်ရောဂါ တိုက်ဖျက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွင် ပိုမိုခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ ၏ မှားယွင်းမှု အပေါ် လုံးဝ လက်ခံမည်မဟုတ်ဘဲ ခိုင်မြဲစွာ ဆန့်ကျင်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ် တွင် ပြဿနာ ဖန်တီးမှုများ ကို ရပ်တန့်ပြီး မှားယွင်းသည့် လမ်းကြောင်း တွင် ဆက်လက် လျှောက်လှမ်းခြင်းမပြုရန် တိုက်တွန်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မိမိ နိုင်ငံ ၏ အချုပ်အခြာအာဏာ နှင့် လုံခြုံရေး အတွက် ခိုင်မြဲစွာ ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ၊ ဒေသတွင်းရှိ နိုင်ငံ များနှင့် ချစ်ကြည့်ရေး ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးအား ခိုင်မြဲစွာ ထိန်းသိမ်းသွားပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)