Connect with us

Videos

Pamir ကုန်းပြင်မြင့်ပေါ်တွင် ပိုလိုကစားခြင်း 

ရှင်းကျန်း ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဒေသ Taxkorgan ခရိုင်၌ တာဂျစ်လူမျိုးများအတွက် ပိုလို အားကစားနည်းသည် ရိုးရာအားကစားနည်း တစ်ခု ဖြစ်သည်။ ယင်းမှာ ဟော့ကီကစားနည်းကဲ့သို့ ဖြစ်သော်လည်း မြင်းပေါ်မှ ကစားရသော ကစားနည်းတစ်မျိုး ဖြစ်သည်။ အသင်းနှစ်သင်းက ဘောလုံးကို ရိုက်ရန် တုတ်ချောင်းများကို အသုံးပြုရပြီး အဆိုပါ ဘောလုံးကို ပြိုင်ဘက်အသင်း၏ ဂိုးပေါက်အတွင်းသို့ ရိုက်သွင်းရသည်။ ယင်းမှာ Taxkorgan ခရိုင်ရှိ တာဂျစ်လူမျိုးစုများ၏ နာမည်ကျော်အားကစားနည်း တစ်ခု ဖြစ်သည်။၂၀၁၉ ခုနှစ်တွင် Taxkorgan ခရိုင်၌ အလည်အပတ်ခရီးစဉ်ပေါင်း ၁ ဒသမ ၁ သန်းကျော် ရှိခဲ့ပြီး တိုးတက်အောင်မြင်သော ခရီးသွားလုပ်ငန်းက ပြင်ပကမ္ဘာသို့ ပိုလိုအားကစားနည်းကို မြှင့်တင်ပေးနိုင်လိမ့်မည် ဖြစ်သည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.