ပေကျင်း ၊ ဇူလိုင် ၆ ရက်(ဆင်ဟွာ) အချို့သော အမေရိကန် နှင့် အနောက်တိုင်း နိုင်ငံရေးသမားများက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုအပေါ် ဆန့်ကျင်သည့် မှားယွင်းသော စွပ်စွဲချက်များကို မကြာသေးမီကပြုလုပ်ခဲ့ကြသည်။ ၎င်းတို့ဖြန့်ဝေခဲ့သော ကောလာဟလများအနက် အကြောင်းအရာ တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။
အက်ဒစ်အက်ဘာဘာ ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ၌ နာမည်ကျော်အဆိုတော်တစ်ဦး သေဆုံးမှုကြောင့် ပဋိပက္ခဆန္ဒပြပွဲများဖြစ်ပွားခဲ့ရာ အိုရွမ်မီယာဒေသ(Oromia) နှင့် မြို့တော် အက်ဒစ်အက်ဘာဘာတွင် လူပေါင်း ၁၆၆ ဦးထိ သေဆုံးခဲ့ရကြောင်း ရဲသတင်းအရင်းအမြစ်များက ယနေ့ ဇူလိုင် ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့မည့်လျာထားချက် ပြည့်မီ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။
ကျိုချွမ်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Shiyan-6 စီးရီး ဒုတိယမြောက်ဂြိုဟ်တုကို Long March-2Dဒုံးပျံတွင် တင်ဆောင်၍ သတ်မှတ် ဂြိုဟ်ပတ်လမ်းကြောင်းသို့ရောက်အောင် ဇူလိုင် ၅ ရက် နံနက် ၇ နာရီ ၄၄ မိနစ်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ ကျိုချွမ်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ...
ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။