Connect with us

Agriculture

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့မည့်လျာထားချက် ပြည့်မီ နိုင်ရေး ဆောင်ရွက်လျက်ရှိ

လယ်ယာ ထွက်ကုန် စပါးစေ့များအား အခြောက်ခံ နေလှန်းနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့မည့်လျာထားချက် ပြည့်မီ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ကပြောသည်။ 

ပြည်ပဆန်တင်ပို့ ခြင်းအား ဇူလိုင် နှင့် သြဂုတ်တို့တွင် တစ်လ လျှင် ဆန်တန်ချိန် ၁ ဒသမ ၅ သိန်းစီ၊ စက်တင် ဘာလတွင် ဆန်တန်ချိန် တစ်သိန်း စုစုပေါင်း တန်ချိန်လေးသိန်း ထပ်မံတင်ပို့ရန် လျာထားကြောင်း သိရသည်။ ဦးရဲမင်းအောင် က “အိတ်စပို့ နဲ့ ပတ်သက်ပြီး ဧပြီ လ တစ်လလုံး COVID-19 ရောဂါ ကြောင့် Lock Down တွေ လုပ်ထားတဲ့ အချိန် မှာ ဆန်စပါးကို ပြည်ပ တင်ပို့ တာကို ခွင့်ပြုမပေးခဲ့ဘူး။ မေ ၁ ရက်မှာ ပြည်ပတင်ပို့ခွင့် ပြန်စတယ်။ မေ နဲ့ ဇွန် လမှာ တန်ချိန် ၂ သိန်း ကျော် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော်ဝင်ငွေ ရှာနိုင်ခဲ့တယ်” ဟု ဆင်ဟွာသို့ ပြောကြား သည်။ 

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၁၂ ရက်အထိ   ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ၂၀၄၄၄၄၁ ဒသမ ၃၂၈ တန် တင်ပို့ထားပြီး တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ ၉၀၇ သန်းရရှိထားကြောင်း    မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။  (Xinhua)