Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) 

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁၆,၀၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဇွန် ၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၄ ရက်၊ ၁၁း၃၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပင်လောင်းမြို့နယ်၊ လိန်းလီကြိုးတံတားတွင် တားဆီးနှိမ်နင်း ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ပင်လောင်းဘက်မှ ပေါင်းလောင်းဘက်သို့ အိမ်မဲမြို့၊ ကန်ကြီးထောင့်ကုန်း ရပ်ကွက်နေ မြမင်းသူ(ခ)ဇင်မင်းကို ၂၄ နှစ် စီးနင်းမောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်တင်ဆောင်လာသော ခရီးဆောင်အိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထား သည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၉,၄၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄,၉၈၅ သိန်း)၊ ICE အလေးချိန် ၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၂၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသူအား  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.