ရန်ကုန်၊ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့ပြီး၊ ၎င်းအစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒဂုံမြို့နယ်ကိုယ်စားလှယ် ဦးတင်မောင်ထွန်း ၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် ကမာရွတ်မြို့နယ် ကိုယ်စားလှယ် ဦးလင်းနိုင်မြင့်တ့ိုကို ရွေးချယ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းအဆိုပြုရမည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ ၏ အစုအဖွဲ့လိုက်အစည်းအဝေးများကို မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် သတ်မှတ်ကြေညာလိုက်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမဆောင်တွင် စတင်ကျင်းပလျက်ရှိသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်ရိုးရာနှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းမှလည်း နှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲရန် အထူးစိတ်အားထက်သန်လျက်ရှိသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက လည်း တရုတ်နိုင်ငံ ၏ နှစ်သစ်ကူးအတွက် ဆုတောင်းစကားပြောကြား ရာတွင် မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူး တွင် တရုတ်နိုင်ငံသားများ အားလုံး...
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသား ၄၄၁ ဦး မော်တော်ကား အစီး ၁၃၀ ဖြင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသ ၁၅ ခုသို့ လေ့လာလည်ပတ်မည်ဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။