ကျန်းကျားကျဲ၊ မေ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအလယ်ပိုင်းကျန်းကျားကျဲရှိ ထျန်းမင်တောင်ကြားလမ်းမှာ တောင်စောင်းတစ်လျှောက် အကွေ့အကောက်ပေါင်း၉၉ ခုရှိကာ ကမ္ဘာ့ အန္တရာယ်အများဆုံးလမ်းတစ်ခုဖြစ်သည်။ မေလ ၃ ရက်နေ့တွင် တရုတ်နိုင်ငံသား ထိပ်တန်းစကိတ်အားကစားသမား တစ်ဦးဖြစ်သူ Qing Yunhui ဆိုသူက လမ်းအရှည် ၁၁ ကီလိုမီတာနီးပါးရှိပြီး အကွေ့အကောက်ပေါင်း ၉၉ ခု...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးမထိုးနိုင်သော တိုင်းရင်းသား လက်နက်ကိုင်များအတွက် ငြိမ်းချမ်းရေးတံခါး အမြဲတမ်းဖွင့်လှစ်ထားပြီး NCA တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၂ နှစ်တာကာလအတွင်း ကြိုးပမ်း ဆောင်ရွက်ချက်များတွင် ဖော်ပြထားကြောင်း သိရသည်။
ဖနွမ်းပင်၊ မေ ၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Kratie ပြည်နယ် တွင် ညစ်ညမ်းဝိုင်များ နှင့် မသန့်ရှင်းသောရေများကို သောက်မိ၍ အနည်းဆုံးရွာသား ၁၁ဦးသေဆုံးပြီး အခြားလူ ၁၃၈ဦး ဆေးရုံတက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန က မေ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။
နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် တွင် မေ ၆ရက်က အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) တစ်ဦး သည် ၎င်း၏ ရိုင်ဖယ်သေနတ်ဖြင့် လုပ်ဖော်ကိုင်ဖက်စစ်သား ၃ဦးအား ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်မှ အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။