Connect with us

WORLD

အီတလီနိုင်ငံတွင် COVID-19ရောဂါလူနာ ၃ သောင်းအောက် ကျဆင်းလာ

အီတလီနိုင်ငံ Fregene၏မြင်ကွင်းများကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရောမ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံတွင် COVID-19ရောဂါလူနာအရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၁,၆၄၀ဦး လျော့နည်းလာရာ စုစုပေါင်းလူနာ ၂၈,၉၉၇ ဦး အထိကျဆင်းလာကြောင်း ၊ ၎င်းမှာ မတ် ၁၈ ရက်နောက်ပိုင်းကာလများတစ်လျှောက် လူနာအရေအတွက် ပထမဆုံးအကြိမ် ၃၀,၀၀၀ အောက်သို့ ကျဆင်းခြင်းဖြစ်ကြောင်း အီတလီမြို့ပြကာကွယ်ရေးဌာန၏ ဇွန် ၁၂ ရက်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းနေ့တွင် COVID-19 ထပ်တိုးလူနာ ၁၆၃ ဦးရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၂၃၆,၃၀၅ဦး၊ ထပ်တိုးသေးဆုံးသူ ၅၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၃၄,၂၂၃ ဦး ၊ ရောဂါသက်သာပျောက်ကင်းသွားသူ ၁,၇၄၇ ဦးနှင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၁၇၃,၀၈၅ ဦး အသီးသီး ရှိကြောင်း သိရသည်။

အီတလီနိုင်ငံ Fregene၏မြင်ကွင်းများကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ COVID-19 ရောဂါဖြစ်ပွားသူများအနက် အိမ်တွင် သီးခြားနေထိုင်သူ ၂၄,၈၇၇ ဦး၊ ဆေးရုံတွင် သာမန်ဆေးကုသမှုခံယူနေသူ ၃,၈၉၃ ဦး ၊ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူနေသူ ၂၂၇ ဦး ရှိရာ ၎င်းမှာ ပြီးခဲ့သောရက်ကထက် ၂၃၈ ဦးနှင့် ၉ ဦး အသီးသီးလျော့နည်းလာခြင်းဖြစ်သည်။

အီတလီနိုင်ငံ Fregene၏မြင်ကွင်းများကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစိုးရအစီအစဉ်အရ အီတလီတွင် ဇွန် ၁၅ ရက်မှစ၍ ရောဂါထိန်းချုပ်မှုများကို ထပ်မံတစ်ဆင့်ဖြေလျှော့မည်ဖြစ်ရာ လူမှုဘဝတွင် ခပ်ခွာခွာနေခြင်း၊နှာခေါင်းစည်းတပ်ခြင်းစသည့်တို့ကို လိုက်နာကာ ကလေးငယ်များ၏နွေရာသီစခန်း၊ ကဇာတ်ရုံ၊ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့်အခြားယဉ်ကျေးမှုအဆောက်အဦများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံ Fregene၏မြင်ကွင်းများကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီနိုင်ငံ Fregene၏မြင်ကွင်းများကို ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီတလီသည် ဇန်နဝါရီ ၃၁ ရက်မှစ၍ ကပ်ရောဂါ ဖြေရှင်းရေးအရေးပေါ်ကာလ ၆ လကို စတင်ခဲ့ကြောင်း၊ မတ် ၁၀ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ မြို့များကိုပိတ်ဆို့ခဲ့ပြီး မေ ၄ ရက်တွင် ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်နိုးထရေး အဆင့်နှစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ဇွန် ၃ ရက် ဒေသများအကြား ခရီးသွားလာခွင့်ပြုခဲ့သလို ဥရောပသမဂ္ဂ၊ ရှင်ဂန်ဗီဇာ( schengen visa)ခွင့်ပြုနိုင်ငံများနှင့် ဗြိတိန်ခရီးသွားများကို အကန့်အသတ်မရှိ ပြည်ဝင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.