Connect with us

WORLD

စင်ကာပူနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၄ သောင်း ကျော်ရှိလာ

စင်ကာပူနိုင်ငံ၏မြင်ကွင်းများအား ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

ဇွန် ၁၃ ရက် ၁၂:၀၀ နာရီအထိ စင်ကာပူနိုင်ငံတွင် COVID-19 အသစ်ထပ်တိုးအတည်ပြုလူနာ ၃၄၇ ဦး ရှိပြီး စုစုပေါင်းအတည်ပြုလူနာ ၄၀,၁၉၇ ဦး ၊ အသစ်ထပ်တိုး ရောဂါပျောက်ကင်းသူ ၇၆၈ ဦးနှင့် စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၂၈,၈၀၈ ဦး ၊ စုစုပေါင်း သေဆုံးသူ ၂၆ ဦး ရှိကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက် ပြောကြားခဲ့သည်။

အသစ်ထပ်တိုးအတည်ပြုလူနာများတွင် ၃၄၂ ဦးသည်  အဆောင်နေ ပြည်ပလုပ်သားများဖြစ်ကြပြီး ၅ ဦးမှာ ဒေသခံများဖြစ်ကြောင်းသိရသည်။စင်ကာပူကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အသစ်ထပ်တိုးအတည်ပြုလူနာတွင် ၉၉ ရာခိုင်နှုန်းသည် ယခင်လူနာများနှင့်ဆက်စပ်ကြောင်း၊ လက်ရှိတွင် ဆေးရုံတွင်ဆေးကုသမှုခံယူနေသူ ၂၂၈ ဦးရှိပြီး ၎င်းတို့အနက် ၁ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တ္ငင် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် အခြား ၁၁,၁၃၅ ဦး သည် Community facility isolation ထားရှိထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံ၏မြင်ကွင်းများအား ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏မြင်ကွင်းများအား ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၏မြင်ကွင်းများအား ဇွန် ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

စင်ကာပူနိုင်ငံ၌ COVID-19ကူးစက်သူအများစုသည် ပြည်ပလုပ်သားများဖြစ်ပြီး ပြည်ပလုပ်သား၂ သိန်းသည် ပြည်ပလုပ်သား သီးသန့်အဆောင် ၄၃ ခုတွင် နေထိုင်ကြရာ ၁ သိန်းခန့်သည် အခြားအဆောင်များတွင် နေထိုင်ကြကြောင်း သိရသည်။ (Xinhua)