ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-4 လေ့လာရေးအာကာသယာဉ်သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဇန်နဝါရီ ၃ရက်တွင် ဆင်းသက်နိုင်ခဲ့ပြီး ကမ္ဘာဂြိုလ်မှ မည်သည့်အခါမှ မမြင်တွေ့နိုင်သည့် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းသို့ ဆင်းသက်နိုင်သည့် ပထမဆုံးအာကာသယာဉ်ဖြစ်လာကြောင်း သိရသည်။ မြေပြင်ဆင်းသက်မှု ယာဉ်တစ်စီး နှင့် မောင်းသူမဲ့ယာဉ်တစ်စီး ပါဝင်ပေါင်းစပ်ထားသော...
ကူမင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည် ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့အထိ မာရသွန်ပြေးပွဲကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က စတင်ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် တရုတ်၊ မြန်မာ၊ စင်ကာပူ၊ ဂျာမနီနိုင်ငံအပါအဝင် နိုင်ငံတကာမှ ပြိုင်ပွဲဝင်ဦးရေပေါင်း ၉ ထောင်ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။...
ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ရွေးကောက်တင်မြောက်ခံ သမ္မတသစ် ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) သည် ဇန်နဝါရီလ ၁ရက်နေ့တွင် ဘရာဇီးနိုင်ငံ မြို့တော် ဘရာဇီးလီးယားရှိ အမျိုးသားကွန်ဂရက် အဆောက်အဦတွင် ဒေသစံတော်ချိန် ၃နာရီ ၁ဝမိနစ်အချိန်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်သည့်...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ပီနန်ပြည်နယ်တွင် စီစီတီဗီကင်မရာများမှတစ်ဆင့် ပြစ်မှုကျူးလွန်သူများ၏ မျက်နှာကို ခွဲခြားနိုင်သောစနစ်အား ဇန်နဝါရီလ ၂ ရက်က တပ်ဆင်အသုံးပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော Chang’e-4 အာကာသယာဉ် သည် လကမ္ဘာ၏ အခြားတစ်ဖက်ခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုပေါ်သို့ ဇန်နဝါရီ ၃ရက်တွင် ကြာချိန် ၁၂မိနစ်ဖြင့် အံသြမင်သက်ဖွယ် ဖြည်းညင်းညင်သာစွာ ဆင်းသက်ခဲ့ကြောင်း သိရသည်။