ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) တိကျမှန်ကန်သော မြေနေရာများရရှိရေးအတွက်ရေးဆွဲနေသော ရန်ကုန်မြေပုံကို ၂၀၁၉ ခုနှစ်အတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်မြေပုံ ရေးဆွဲရေး စီမံကိန်းနှင့် ပတ်သက်၍ ပထမအကြိမ် ဆွေးနွေးပွဲထံမှ သိရသည်။
နိုင်ရိုဘီ ၊ မတ်လ ၁၅ ရက်(ဆင်ဟွာ) ဆိုမာလီယာစစ်တပ်က Kismaayo အနီးတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်လက်နက်ကိုင် ၇ ဦးကို ပစ်သတ်နိုင်ခဲ့ကြောင်း ဆိုမာလီယာစစ်ဘက်က မတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီထံသို့ သံချပ်များအားကြိုတင်စိစစ်နိုင်ရန် မတ်လ ၂၈ ရက်နောက်ဆုံးထား၍ သီချင်း၊ သံချပ် ဆုပေးမဏ္ဍပ်များ လာရောက်စာရင်းပေးသွင်းကြရန် ရန်ကုန်မဟာသြင်္ကန်သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ကြေညာချက်ထုတ်ပြန်သည်။
ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအသစ်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ရပ်တည်ချက်အား ထိန်းသိမ်းကာ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ်က မတ်လ ၁၄ ရက်က ပြောကြားလိုက်သည်။
ရန်ကုန် ၊ မတ် ၁၅ ရက်(ဆင်ဟွာ) မိုးကုတ် နှစ် (၈၀၀) ပြည့် ပွဲတော် ကာလ အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်များအား လည်ပတ်ရန် ခွင့်ပြု ထားကြောင်း ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။