Connect with us

Politics, Law & Military

မကာအို(SAR) အစိုးရက အမျိုးသားလုံခြုံရေးထိန်းသိမ်းရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ထောက်ခံကြောင်းပြောကြား

တရုတ်နိုင်ငံ မကာအိုမြို့ရှိ ရွှေကြာပွင့်ရင်ပြင်တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသည့် လူငယ်များအားတွေ့ရစဉ်(ဆင်ဟွာ)

မကာအို ၊ မေ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရက အမျိုးသားလုံခြုံရေးထိန်းသိမ်းရန် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ထောက်ခံကြောင်း မေ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ ကြိမ်မြောက် အစည်းအဝေးသို့ တင်သွင်းခဲ့သော အမျိုးသားလုံခြုံရေးထိန်းသိမ်းရန် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအတွက် တရားဥပဒေစိုးမိုးရေးယန္တရားများ မြှင့်တင်ခြင်း နှင့် တည်ဆောက်ခြင်းဆိုင်ရာ ဥပဒေကြမ်းဆုံးဖြတ်မှုတစ်ခုအပေါ် မကာအိုအစိုးရက ထောက်ခံကြောင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

မကာအိုအစိုးရက အမျိုးသားလုံခြုံရေးသည် နိုင်ငံငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကိုဆောင်ကြဉ်းပေးရန် မှတ်ကျောက်ဖြစ်ကြောင်း နှင့် နိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် အရေးပါသောအခန်းကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း နှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ရေရှည်အကျိုးစီးပွား ၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံ့၏အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် ဖွွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများကို စောင့်ရှောက်ခြင်းသည် ဟောင်ကောင် နှင့် မကာအို ပြည်သူ အများစု အပါအဝင် တရုတ်ပြည်သူလူထု၏ တာဝန် နှင့် ဝတ္တရား ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမိမြေသို့ပြန်လည်ရောက်ရှိစဉ်ကတည်းက မကာအိုသည် ကာလတစ်လျှောက်လုံးတွင် မကာအို၏ အခြေခံစည်းမျဉ်းဥပဒေ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလုံခြုံရေးကို မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အခြေခံဥပဒေပါ တာဝန်ဝတ္တရားများကို အပြည့်အဝ ခိုင်မာစွာ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မကာအို အစိုးရ နှင့် ပြည်သူများအနေဖြင့် မကာအို(SAR) ဒေသ လူမှုတည်ငြိမ်ရေး ၊ စီးပွားရေးအကျိုးအမြတ် နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ခံစားရန် လက်ချင်းချိတ်ဆက်ခဲ့ကြကြောင်း နှင့် အဆိုပါ ပြည်သူများသည် ငြိမ်းချမ်းခြင်း နှင့် အားရကျေနပ်ခြင်းတွင် နေထိုင်ပြုမူလုပ်ကိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် မကာအိုဒေသတည်ငြိမ်မှုကို ထိန်းသိမ်းရန် နှင့် ဖွံ့ဖြိုးမှုကို ထိန်းသိမ်းရန် အခြေခံအုတ်မြစ် နှင့် ကြိုတင်ကာကွယ်မှု ဖြစ်ကြောင်းကို အချက်အလက်များက သက်သေပြခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)