လာပတ်စ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း တွင ်ဘတ်စ်ကားတစ်စီး နှင့် အခြား မော်တော်ယာဉ်တစ်စီးတို့ တိုက်မိရာ အဆိုပါ ဘတ်စ်ကားသည် မီတာ ၁၀၀ အနက်ရှိသော ချောက်တစ်ခုထဲသို့ ဧပြီ ၂၁ရက်ညက ပြုတ်ကျခဲ့ပြီး လူ ၂၅ဦးသေဆုံးကာ အခြားလူ ၂၄ဦး...
ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသည့် လူနာများအား ကုသရေးဌာန(Dog Bite Center)များ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပေကျင်း ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ယနေ့(ဧပြီ ၂၃ ရက်) တွင်ကျင်းပပြုလုပ်သည့် ခေတ်သစ်ပိုးလမ်းမကြီး ကွန်ရက်သစ် ပထမကောင်စီ အစည်းအဝေးသို့ဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင်ကို ပေးပို့ခဲ့ကြောင်း သိရသည်။
ချင်းသောင် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်) တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံအသီးသီးမှ ရေတပ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ယနေ့နံနက်(ဧပြီ ၂၃ ရက်)တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အိုင်ဗရီကို့စ် နိုင်ငံ၌ စားသုံးရန် မသင့်ဟုဆိုကာ မြန်မာ့ဆန်များ ဖျက်ဆီးခြင်းခံရသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိစစ်လေ့လာတွေ့ရှိချက်များ၊ ဖြစ်စဉ် အကြောင်းတရားများအပေါ် ယနေ့ဧပြီ ၂၂ ရက်တွင် ရန်ကုန်မြို့၌ သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းခဲ့သည်။