ရှန်းရှီ၊ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ရောဂါကူးစက်ချိန်က ပိတ်ထားခဲ့သည့် သဘာဝ အလှအပ နေရာတစ်ခုဖြစ်သော တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်းရှီပြည်နယ်ရှိ ဟူးခို ရေတံခွန်သို့ အများပြည်သူ လာရောက်အပန်းဖြေနိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီဖြစ်သည်။ ရေစီးအလွန်သန်ပြီး လှပသည့် ရှုခင်းများဖြင့် ဟူးခိုရေတံခွန်၏ အလှအပများကို...
ချန်တူး၊ ဧပြီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချန်တူးမြို့တွင် ရထားလမ်းဖောက်လုပ်ရန်လိုအပ်သောကြောင့် ၃၃၁.၆ မီတာ အရှည်ရှိသည့် တံတားတစ်စင်းကို အချိန် ၁၅ နာရီအတွင်းအလုပ်သမား ပေါင်း ၃၀၀ ကျော်နှင့်အတူ ဆောက်လုပ်ရေး ယန္တရား နှင့် ပစ္စည်းပေါင်း ၁၀၀ ကျော်ကို အသုံးပြုကာ ဖြိုချ...
ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မကြာသေးမီက Thai Smile လေကြောင်းလိုင်းပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် တစ်ဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းလေယာဉ်ဝန်ထမ်း ၇ ဦးကို အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ပြုလုပ်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါအခြေအနေကြောင့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို မလိုက်နာသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း အရေးယူ ဒဏ်ရိုက်မည့် အမိန့်ကြေညာချက်ကို ဧပြီ ၁ ရက်တွင် ရုရှား သမ္မတ ပူတင်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း သိရသည်။
ကီဂါလီ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ကြောင့်ပိတ်ဆို့ထားသည့်ကြားမှ စည်းကမ်းချိုးဖောက်ခဲ့သည့် ကုမ္ပဏီနှင့် စီးပွားရေးသမား ၁၄၆ ဦးကို အရေးယူ၍ ဒဏ်ရိုက်ခဲ့သည်ဟု ရဝမ်ဒါကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည် ။