ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့သည် စိုးရိမ်ရေမှတ် အထက်သို့ကျော်လွန်နေသည့်အတွက် ထိုမြစ်ကြောင်းများ တလျှောက်တွင် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင် ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အကြံပြုချက်ထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေတို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝဲကလိ ကျေးရွာ၌ ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ကွန်ဒုစ်ပြည်နယ် မြို့တော် ကွန်ဒုစ်မြို့အနီးရှိ Khawja Mashad တွင် ဇူလိုင်လ ၁၅ ရက်က လေကြောင်း တိုက်ခိုက်မှုခံရပြီးနောက် အနည်းဆုံး လူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများမှ သတ်မှတ်ထားသည့် လမ်းကြောင်း ဧရိယာပြင်ပထိ သွားရောက်မောင်း နှင်သည့် YBS ယာဉ် ၂၅စီးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA) က ပထမဆုံးအကြိမ် အဖြစ် CNG ဝယ်ယူခွင့်...