ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “တစ်လီ” (TITLI) ၏အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ မြန်မာစံတော်ချိန်(၁၁း၀၀)နာရီအချိန်ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံ၌ အောက်တိုဘာ ၉ ရက် ည ၉နာရီခွဲအချိန်တွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ရာမှ ကျပ်၂၄၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆာရာဂျီဗို ၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ ရေနံချက်စက်ရုံ တွင် အောက်တိုဘာ ၉ ရက် ညပိုင်း အချိန်၌ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ စက်ရုံ အတွင်းရှိ...
ကိုင်ရို ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ) အီဂျစ်ရဲတပ်ဖွဲ့က အကြမ်းဖက်သမား ၁၀ ဦးအား အီဂျစ်နိုင်ငံ North Sinaiပြည်နယ် Arishမြို့တွင် အောက်တိုဘာ ၉ ရက်နေ့က ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း သိသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန် အတည်ပြုလွှာများ တင်ပြ လာခြင်း အပေါ် စိစစ်ပြီး ပထမအကြိမ် အတည်ပြုမိန့် ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။