ပေကျင်း ၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) သမ္မတ ရှီကျင့်ဖိန်သည် ပါပူဝါနယူးဂီနီနိုင်ငံ ဘုရင်ခံချုပ် Bob Dadae ၊ ဘရူနိုင်းနိုင်ငံ ဘုရင် Hassanal Bolkiah ၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterteတို့၏ ဖိတ်ကြားချက်အရ ၎င်းနိုင်ငံများကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ရန် ယနေ့ ပေကျင်းမြို့မှ...
ဘန်ကောက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဘန်ကောက်မြို့ ဒုတိယအုပ်ချုပ်ရေးမှူး Thaweesak Lertprapan က ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအဖွဲ့ (BMA) သည် လိင်လုပ်သားများ၊ တောင်းရမ်းသူများ နှင့် အိမ်ခြေရာမဲ့များအား ရှင်းလင်းဖယ်ရှားသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ ရက်ကပြောကြားခဲ့သည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်း မစ္စစ္စပီပြည်နယ် အဝေးပြေးလမ်းမပေါ်တွင် နိုဝင်ဘာ ၁၄ ရက် ကမ္ဘာလှည့်ခရီးသည်တင်ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်သတင်းများ၏ ဖော်ပြချက်အရ သိရသည်။
ဗလာဒီဗော့စ်တော့၊ နိုဝင်ဘာ ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ Kamchatkaကျွန်းဆွယ် အရှေ့ပင်လယ်ပြင်တွင် နိုဝင်ဘာ ၁၅ ရက်က ပြင်းအား ၆.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပ သုတေသနဌာန Kamchatka ဌာနခွဲ၏ ယင်းနေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
ဘဂ္ဂဒက်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ) လူပေါင်းများစွာ ကို ကွပ်မျက်ခဲ့သော IS စစ်သွေးကြွအဖွဲ့ မှ အစွန်းရောက်အဖွဲ့ဝင်တစ်ဦး သည် အီရတ်နိုင်ငံ အရှေ့ပိုင်း Diyala ပြည်နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။