Connect with us

Economy

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းသုံး စက်ရုပ် ထုတ်လုပ်မှု  မတ်လတွင် ၁၂.၉ ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ Sany Heavy Industry ၏ စက်ရုံတစ်ရုံတွင် စက်ရုပ်များဖြင့် အလုပ်လုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မတ်လအတွင်း စက်မှုလုပ်ငန်းသုံး စက်ရုပ်ထုတ်လုပ်မှုသည် မနှစ်ကထက် ၁၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး မတ်လတွင်ထုတ်လုပ်မှုပေါင်း ၁၇,၂၄၁ ယူနစ်ရှိကြောင်း တရားဝင် အချက်အလက်များ အရသိရသည်။ 

မတ်လအတွင်း ထုတ်လုပ်မှုအပါအဝင် ယခုနှစ်၏ ပထမသုံးလပတ် စက်မှုလုပ်ငန်းသုံးစက်ရုပ် ထုတ်လုပ်မှုစုစုပေါင်း သည် ၃၄,၆၄၅ ယူနစ်ရှိခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို အချက်အလက်များ၌ ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းသုံးစက်ရုပ် ထုတ်လုပ်မှု စုစုပေါင်းမှာ ၁၇၇,၀၀၀ ယူနစ်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အလုပ်လုပ်ကိုင်နိုင် သည့်အသက်အရွယ်ရှိ လူဦးရေလျော့နည်းလာခြင်းနှင့် အလုပ်သမားစရိတ် မြင့်တက်လာခြင်းကို ရင်ဆိုင်နေရသဖြင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် လုပ်သားအင်အားအများအပြားလိုအပ်သည့် ထုတ်လုပ်ရေးကဏ္ဍအား အဆင့်မြှင့်တင်ရန်  ကြိုးပမ်းလျက်ရှိသည် ။ 

 တရုတ်နိုင်ငံက ကားထုတ်လုပ်ရေး၊ လျှပ်စစ်ပစ္စည်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ လေယာဉ် ထုတ်လုပ်ရေး၊ အဝတ်အထည်နှင့် ဓာတုပစ္စည်းများ စသည့် စက်မှုလုပ်ငန်းများ၌ စက်မှုလုပ်ငန်းသုံးစက်ရုပ်များ အသုံးပြုမှု တွင်ကျယ်စေရန် သန္နိဌာန်ချထားလျက် လမ်းညွှန်ချက်တစ်ခုအား ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117