Connect with us

Videos

တရုတ်နိုင်ငံ ချန်ရှားမြို့တွင် မောင်းသူမဲ့တက္ကစီများစတင် အသုံးပြု

ချန်းရှား၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချန်ရှားမြို့တွင် မောင်းသူမဲ့ တက္ကစီ များအားစတင်အသုံးပြုလျှက်ရှိကြောင်း သိရသည်။ ၎င်းမောင်းသူမဲ့ တက္ကစီများကို Robotaxi ဟု အမည်ပေးထားသည်။ ဒေသခံများက မိုဘိုင်းလ်ဖုန်းတွင် အပလီကေးရှင်းအသုံးပြု၍ Robotaxi ကို အခမဲ့ ခေါ်ယူစီးနင်းနိုင်သည်။ 

ခရီးသည်များဘေးကင်းလုံခြုံမှုရှိစေရန် တက္ကစီများပေါ်တွင် နည်းပညာရှင် တစ်ဦး (သို့မဟုတ်) နှစ်ဦးလိုက်ပါပို့ဆောင်ပေးသည်။

ခရီးသည် တစ်ဦးက “ Robotaxi ကိုစီးရတာသက်တောင့်သက်သာရှိပါတယ်၊ ကျယ်ကျယ်ဝန်းဝန်းလည်းရှိတယ်၊ စစချင်းတော့နည်းနည်းကြောက်တာပေါ့၊ မောင်းသူမဲ့ကားတွေ စီးရတာ ဘယ်လိုနေလဲ ဆိုတာ တစ်ခါမှ မစီးဘူးတော့မသိဘူးလေ၊ ဒါပေမဲ့ ကားထဲရောက်တော့အဆင်ပြေသွားပါတယ်၊ အထဲမှာ ပညာရှင်တစ်ယောက်လဲပါလာတော့ ဘေးကင်းတာပေါ့” ဟုဆိုသည်။ 

၎င်းတက္ကစီများကို Hunan Apollo Intelligent Transportation Co.,ltd မှ ထုတ်လုပ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.