ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း၊ HONDA(Myanmar) အထပ်သားစက်ရုံသည် ဖေဖော်ဝါရီ ၁၈ ရက် ည ၇နာရီ ၃၇ မိနစ်တွင် မီးလောင်မှုဖြစ်ပွားပြီး လူတစ်ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
ဘာလင် ၊ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ၂၀၁၈ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ၃ နှစ်ဆက်တိုက်တည်ရှိနေပြီဖြစ်ရာ နှစ်ဖက်ကုန်သွယ်မှုပမာဏ စုစုပေါင်း ယူရိုငွေ ၁၉၉.၃ ဘီလီယံရှိကြောင်း ဂျာမနီနိုင်ငံ ပြည်ထောင်စု စာရင်းအင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
SKOPJE ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယား နိုင်ငံ ရဲတပ်ဖွဲ့ဝင်များက တရားမဝင် လက်နက်များ ကုန်သွယ်မှုများတွင် ပါဝင်သော အုပ်စု တစ်စုအား ချေမှုန်းခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ) ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ဦးသိန်းထွန်းနှင့် အဖွဲ့ တင်သွင်းလာသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူကြမ်းအား လွှတ်တော်၌ မဆွေးနွေးမီ အသေးစိတ် လေ့လာ...