Connect with us

MYANMAR

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တပ်မတော် ကာကွယ်ရေး ဦစီးချုပ်နှင့် စစ်သည်များက ကျပ် ၂ ဒသမ ၂ ဘီလီယံ လှူဒါန်း

COVID-19 စောင့်ကြည့်စခန်း တာဝန်ခံ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၁) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မြတ်စိုး ရှင်းလင်း ဖြေကြားနေစဉ်( ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် တပ်မတော် ကာကွယ်ရေး ဦစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးစီးပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိများ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက မိမိတို့၏ လုပ်ခ လစာ များမှ တပ်အားသရွေ့ ထည့်ဝင် လှူဒါန်းကြရာ လှူဒါန်းငွေ ကျပ် ၂ ဒသမ ၂၄၅ ဘီလီယံကျော်(၂၂၄၅၃၆၅၂၁၄ ကျပ်) ရရှိကြောင်း ယနေ့ထုတ် မြဝတီနေ့စဉ် သတင်းစာတွင် ဖော်ပြ ပါရှိသည်။

အဆိုပါ လှူဒါန်းငွေများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တပ်မတော် အရာရှိကြီးများက လစာငွေ တစ်လစာ၊ အရာရှိ၊ စစ်သည်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက လစာ တစ်ရက်စာ စုပေါင်း ထည့်ဝင်ထားခြင်းဖြစ်ပြီး တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လိုအပ်သည့် နေရာများ၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများနှင့် နေရာ ကန့်သတ် စောင့်ကြည့်မှု စနစ် (quarantine) ဆောင်ရွက်မှုများတွင် အသုံးပြုနိုင်ရန်အတွက် ထည့်ဝင်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)