ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ 9MM THAI ARMS ကျည်အတောင့်၅၀၀ နှင့် .22 ကျည် ၁,၄၅၀ တောင့်တို့ ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရေပိုင်နက်အတွင်းရှိ ဘင်္ဂလားပင်လယ်အော်တွင် ဖေဖော်ဝါရီလ ၁၂ ရက်က အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ၂၀၁၉ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၇)မြို့နယ်တွင် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများအား အသိပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌...
လီမာ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံတောင်ပိုင်းတွင် ယခုရက်ပိုင်းများအတွင်း နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် ရွှံ့နွံသဲကျောက်ရေစီးဆင်းခြင်း၊တောင်ပြိုခြင်းများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ အနည်းဆုံး ၁၀ ဦး၊ အိုးမဲအိမ်မဲ့ဒုက္ခသည်ပေါင်း ၁၈၀၀ ရှိနေပြီဖြစ်ကြောင်း ပီရူးသမ္မတ Martín Vizcarraက ဖေဖော်ဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။