Connect with us

WORLD

ဗြိတိန် နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ရုံးက မတ် ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဂျွန်ဆင်အနေဖြင့် မပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနေရကြောင်းနှင့် ဒေါင်းနင်းလမ်းနေအိမ်တွင်ပင် တစ်ကိုယ်ရေ သီးသန့် ခွဲခြားနေထိုင်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က 

ဆိုသည်။

“အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါတုန့်ပြန်ရေးလုပ်ငန်းတွေကို သူ ဆက်လက် ဦးဆောင်လုပ်ကိုင်နေပါတယ်” ဟု အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားသူ အရေအတွက် ၁၁၆၀၀ ဦး ကျော်ရှိပြီး သေဆုံးသူ အရေအတွက်မှာ ၅၇၀ ကျော်ရှိကြောင်း သိရသည်။ (Xinhua)