Connect with us

CHINA

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ ထိန်းချုပ် ကုသရေးဆိုင်ရာ အားအကောင်းဆုံးကွန်ရက် တည်ထောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အဆိုပြု 

သမ္မတ ရှီက ပေကျင်းမြို့မှနေ၍ COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုရုပ်သံမှတစ်ဆင့် ပါဝင်တက်ရောက်ဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗိုင်းရပ်စ်ဟူသည် နယ်စည်းထားခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အားအကောင်းဆုံးသော ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေး ကမ္ဘာလုံးဆိုင်ရာကွန်ရက် တည်ဆောက်ရန် အားလုံးအတူတကွ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မတ် ၂၆ ရက်တွင် အလေးထားပြောကြားခဲ့သည်။

သမ္မတ ရှီသည် ပေကျင်းမြို့မှနေ၍ COVID-19 ဆိုင်ရာ G20 ခေါင်းဆောင်များ အထူးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုရုပ်သံမှတစ်ဆင့် ပါဝင်တက်ရောက်ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒါက နယ်စည်းမထားတဲ့ ဗိုင်းရပ်စ်ပါ။ ကျွန်ုပ်တို့အားလုံး တိုက်ဖျက်နေရတဲ့ ကူးစက်ရောဂါဖြစ်ပွားမှုက အားလုံးရဲ့ ဘုံရန်သူပါပဲ” ဟု သမ္မတ ရှီက ဆိုသည်။

“အားအကောင်းဆုံးသော ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့် ကုသရေး ကမ္ဘာလုံးဆိုင်ရာကွန်ရက် တည်ဆောက်ဖို့ အားလုံးအတူတကွ ဆောင်ရွက်ကြရပါမယ်” ဟု ရှီက အလေးထားပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် COVID-19 ဆိုင်ရာ အွန်လိုင်းအသိပညာပေးစင်တာကို တည်ထောင်ထားပြီး နိုင်ငံအားလုံးအတွက် ဖွင့်လှစ်ထားကြောင်း သမ္မတ ရှီ၏ ပြောကြားချက်အရ သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117