ရန်ကုန် ၊ မေ ၁၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရှိ မြစ်များတွင် မိုးဦးကာလ ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် ရေလမ်း သတိပေး နှိုးဆော်ချက်အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထုတ်ပြန် ထားကြောင်း သိရသည်။
ထရီပိုလီ၊ မေ ၁၄ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ်က လစ်ဗျားအနောက်ပင်လယ်တွင် မေလ ၁၃ ရက်က ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၂၆၀ ဦး အား ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။
ဘရပ်စ်ဆဲလ်၊ မေ ၁၄ ရက် (ဆင်ဟွာ) ပထမဆုံး တရုတ်-ဘယ်လ်ဂျီယံ ကုန်တင်ရထား သည် တရုတ်နိုင်ငံ ထန်ရှန်းဆိပ်ကမ်းမှ ထွက်ခွာလာပြီး ၁၆ရက်အကြာ၊ ခရီးကီလိုမီတာပေါင်း ၁၁,၀၀၀ ကို ဖြတ်ကျော်လာပြီးနောက် ဘယ်လ်ဂျီယံနိုင်ငံ အန့်ထ်ဝါ့ပ် ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နယူးဒေလီ ၊ မေ ၁၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်၊ West Bengal ပြည်နယ်နှင့် မြို့တော် နယူးဒေလီ ဒေသများ တွင် မေလ ၁၃ ရက် ညပိုင်းက လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူ ၄၀ ကျော် သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း...