Connect with us

Science & Technology

တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ်က လကမ္ဘာတစ်ဖက်ခြမ်း၏ လမျက်နှာပြင်အောက်လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ 

တရုတ်နိုင်ငံ အမျိုးသားအာကာသ စီမံခန့်ခွဲမှုအဖွဲ့မှ လွှတ်တင်ခဲ့သော Yutu-2 လပေါ်သွားယာဉ်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ၏ လပေါ်သွားယာဉ် Yutu-2 သို့မဟုတ် Jade Rabbit-2 သည် လကမ္ဘာ၏ တစ်ဖက်ခြမ်းရှိ လမျက်နှာပြင်အောက် အလွန်နက်သောအပိုင်းမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်ပေးခြင်းဖြင့် သိပ္ပံပညာရှင်များအတွက် အကူအညီဖြစ်စေခဲ့ပြီး ကြယ်နက္ခတ်တာရာများ ပွတ်တိုက်မှု နှင့် မီးတောင်လှုပ်ရှားမှု နှင့် လကမ္ဘာပေါ်တွင် ပထဝီအနေအထား ဆင့်ကဲပြောင်းလဲခြင်းအပေါ် အလင်းဖြာထွက်မှု စသည့် သမိုင်းဖြစ်စဉ်များအပေါ် လူသားများပိုမိုသိရှိနားလည်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ၏ Chang’e-4 အာကာသယာဉ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်က လကမ္ဘာ၏ တစ်ဖက်ခြမ်း၊ တောင်ပိုင်း Pole-Aitken Basin ရှိ Von Karman မီးတောင်ချိုင့် အရှေ့ဘက်ကြမ်းခင်းပေါ်သို့ ပထမဆုံး ဆင်းသက်ခဲ့သည်။ ထိုသို့ဆင်းသက်ပြီးနောက် အာကာသယာဉ်သည် ချက်ချင်းဆိုသလိုပင် ၎င်း၏ လပေါ်သွားယာဉ် Yutu-2 ကို စေလွှတ်ကာ ခရီးတစ်လျှောက် စုံစမ်းထောက်လှမ်းရန် လမျက်နှာထိုးဖောက်ရေဒါစနစ်(LPR) ကို အသုံးပြုခဲ့သည်။

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၏ အမျိုးသား နက္ခတ္တဗေဒလေ့လာရေးအဖွဲ့မှ လီချွန်းလိုင်နှင့် စူးယန်တို့ ဦးဆောင်သော သုတေသနအဖွဲ့၏ စူးစမ်းလေ့လာမှုတစ်ခုအရ လမျက်နှာပြင်အောက်၌ မည်သည့်အရာများရှိသည်ကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်တစ်ခုအရ လ၏ဆင့်ကဲပြောင်းလဲမှုသံသရာသည် ၎င်း၏လည်ပတ်မှုစက်ဝိုင်းနှင့် တူညီပြီး ကမ္ဘာမြေမှ မြင်တွေ့ရလေ့ရှိသော အပိုင်းနှင့်အတူတူပင်ဖြစ်ကြောင်း သိရသည်။ 

သုတေသနအဖွဲ့သည် နက်ရှိုင်းသော လမျက်နှာပြင်အတွင်းသို့ ရေဒီယို အချက်ပြမှုများ ပို့လွှတ်ရန် Yutu-2 ပေါ်တွင် LPR စနစ်ကို အသုံးပြုခဲ့ကြောင်း၊ 500 MHZ ကြိမ်နှုန်းမြင့်ချန်နယ်ဖြင့် အနက် မီတာ ၄၀ အထိ ရောက်ရှိခဲ့ကြောင်း၊ ယင်းသည် ၂၀၁၃ ခုနှစ်ကုန်ပိုင်းက လကမ္ဘာအနီးသို့ ပို့လွှတ်ခဲ့သော Chang’e-3 လပေါ်သွားယာဉ် ရောက်ရှိခဲ့သည့်အနက်ထက် သုံးဆကျော်ရှိကြောင်း သိရသည်။

၎င်းအချက်အလက်က သုတေသီများအတွက် လကမ္ဘာ၏တစ်ဖက်ခြမ်းရှိ မျက်နှာပြင်ပေါက်ကွဲမှုဖြစ်စဉ်ပုံရိပ်ကို ဖမ်းယူရာတွင် ပိုမိုတိုးတက်စေနိုင်ခဲ့သည်။တိုမိုဂရပ်ဖစ် (Tomographic) နည်းပညာဖြင့် ရေဒါပုံရိပ်ကို သိပ္ပံပညာရှင်များက လေ့လာဆန်းစစ်ခဲ့ကြောင်း၊ ပုံရိပ်ရလဒ်များအရ လမျက်နှာပြင်သည် အရွယ်အစားမျိုးစုံ ကျောက်တုံးများ မြုပ်ဝင်နေသည့် ကြမ်းတမ်းသော အရာဝတ္ထုများဖြင့် အခြေခံပြုလုပ်ထားကြောင်း သိရသည်။

လကမ္ဘာပေါ်ရှိ ပထမနှစ်ရက်တာ (လပေါ်ရှိတစ်နေ့တာက ကမ္ဘာပေါ်ရှိ ၁၄ ရက်နှင့်ညီမျှ) ကာလအတွင်း LPR မှ စုစည်းထားသော ရေဒါအချက်အလက် ရလဒ်များအရ လကမ္ဘာ၏တစ်ဖက်ခြမ်း မျက်နှာပြင်တည်ဆောက်မှု၏ ပထမဆုံး လျှပ်စစ်သံလိုက်ပုံရိပ်ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲထွက်လာသော အရာဝတ္ထု၏ ဘူမိဗေဒဗိသုကာပညာကို ပထမဆုံး မှန်ကန်ကြောင်းသက်သေပြမှုလည်းဖြစ်ကြောင်း လီက ဆိုသည်။

“ဒီလုပ်ဆောင်မှုက LPR ကိုကျယ်ပြန့်စွာအသုံးပြုခြင်းဖြင့် လကမ္ဘာရဲ့သက်ရောက်မှုနဲ့ မီးတောင်လှုပ်ရှားမှု သမိုင်းဖြစ်စဉ်အပေါ် ကျွန်ုပ်တို့ရဲ့ နားလည်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ပြီး လကမ္ဘာရဲ့တစ်ဖက်ခြမ်း ဘူမိဗေဒဆင့်ကဲပြောင်းလဲမှုကို နားလည်နိုင်စွမ်း အလင်းရောင်သစ်ကို ရရှိစေနိုင်တယ်” ဟု လီက ဖြည့်စွက်ပြောခဲ့သည်။အဆိုပါ လေ့လာမှုသည် သိပ္ပံပညာတိုးတက်မှု၏ နောက်ဆုံးဖြစ်ရပ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117