Connect with us

Environment, Disasters & Accidents

ရန်ကုန်မြို့၏ လေအရည်အသွေး အညွှန်းကိန်း ကျဆင်း 

ရန်ကုန်မြို့တွင်း Mask တပ်ဆင် သွားလာနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့၏ လေအရည်အသွေး အညွှန်းကိန်း(AQI)တန်ဖိုးမှာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ၁၀၂ အထိ ရှိခဲ့ပြီး အဆင့် အနေဖြင့် ခံနိုင်ရည် နည်းပါးသော အုပ်စုများ အတွက် ကျန်းမာရေး ထိခိုက်စေကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

လေအရည်အသွေး အညွှန်းကိန်း(AQI) ၁၀၁ – ၁၅၀ သည် လေထု ညစ်ညမ်းမှုကို ခံနိုင်ရည် နည်းပါးသူများ ကျန်းမာရေး ထိခိုက်နိုင်ကြောင်း ၊ ယေဘူယျအားဖြင့် ကျန်းမာရေး အတွက် စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက “အဓိကတော့ ဒီရက်ပိုင်းမှာ တိမ်နည်းနည်း တက်လာတဲ့အနေအထားမျိုးလဲ ရှိတယ်။တိမ်ဖြစ်ထွန်းမှု အနေအထား နည်းနည်း ရှိလာတယ်။ ပြီးတော့ ယာဉ်အသွားအလာပေါ်မှာလည်း မူတည်ပါတယ်။ မနေ့တုန်းက ယာဉ်အသွားအလာ ပိုများတဲ့ အနေအထားတွေလည်း ရှိပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ရန်ကုန်(ကမ္ဘာအေး)စခန်းမှ တိုင်းတာ ရရှိသော လေအရည်အသွေး အညွှန်းကိန်း(AQI)တန်ဖိုးမှာ ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက် အထိတွင် ၅၁-၁၀၀ ကြား၌ ရှိနေခဲ့ရာမှ ဖေဖော်ဝါရီ ၂၆ ရက်တွင် ၁၀၂ အထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။လေအရည်အသွေး အညွှန်းကိန်း(AQI) သည် ၀ – ၅၀  တွင် လေအရည်အသွေး အဆင့်မှာ ကောင်းမွန်သည့် အဆင့် ၊ ၅၁ – ၁၀၀ တွင် အလယ်အလတ် အဆင့် ၊ ၁၀၁ – ၁၅၀ တွင် ခံနိုင်ရည် နည်းပါးသောအုပ်စုများ အတွက် ကျန်းမာရေးကို ထိခိုက်စေသော အဆင့် ၊ ၁၅၁ – ၂၀၀ တွင် ကျန်းမာရေးကို ထိခိုက်စေသော အဆင့် ၊ ၂၀၁ – ၃၀၀ တွင် ကျန်းမာရေးကို အလွန် ထိခိုက်စေသော အဆင့် နှင့် ၃၀၁ – ၅၀၀ တွင် အန္တရာယ် ရှိသော အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.