မက်ဒရစ်၊ မတ် ၂၉ ရက်(ဆင်ဟွာ) COVID-19ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် တစ်နိုင်ငံလုံးတွင် သွားလာမှု ကန့်သတ်ချက်များကို ပိုမို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကထုတ်လုပ်မှုလုပ်ငန်းများ၏ ဝန်ထမ်းများမဟုတ်ပါက အိမ်မှာနေထိုင်ကြရမည်ဖြစ်ကြောင်း စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchezက မတ် ၂၈ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) စင်ကာပူ နိုင်ငံ၌ COVID-19 ရောဂါကြောင့် ယနေ့ မတ် ၂၉ ရက်တွင် သေဆုံးသူ တစ်ဦးရှိကြောင်း စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် နှင့် ဆက်စပ်၍ သေဆုံးသူ စုစုပေါင်း သုံးဦးအထိ...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား COVID-19 Fund မှထုတ်ပေးမည့်ချေးငွေများ ကို မတ်၃၀ ရက် မှ စတင်လျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က မတ် ၂၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဂျီနီဗာ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြင်ပတွင် COVID-19 ရောဂါ အတည်ပြုလူနာ ၄၈၉,၄၄၈ ဦး ရှိပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ မတ် ၂၈ ရက်က ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) အစိုးရ အနေဖြင့် COVID-19 ကူးစက်ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား အားလုံးအပေါ် ယနေ့ မတ် ၂၉ ရက် မြန်မာစံတော်ချိန် ၀၀:၀၁ နာရီမှစတင်၍...