လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့နေ ဒေသခံများသည် သြဂုတ် ၂၈ ရက် ညနေပိုင်းတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားသိရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်း ကျေးရွာ ဆက်သွယ်ထားသော တံတားနှင့် ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာ ဆက်သွယ် ထားသော တံတားများသည် ဖြူးချောင်းအတွင်းသို့ ရေစီးနှင့်မျောပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တလမ်းပိတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရေပိုလွှဲမှ ရေစီးရေကျော်အရှိန်များမှုကြောင့် ရေပိုလွှဲ ယာဘက်အခြမ်း ပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့မှ တက္ကသိုလ် ကျောင်းများမှ ကျောင်းသား/သူ ၂၂ ဦးတို့သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ရသစာပေစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။