Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွား

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာ့အလင်း)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယာဉ်ကိုးစီး ဆက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈) ရပ်ကွက်တွင် ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီခွဲအချိန်ခန့်က ပြည်ထောင်စုလမ်းအတိုင်း၊ မြောက်မှတောင် (ဗိုလ်ဗထူးလမ်း ဘက်မှ အမှတ်(၂)လမ်းဘက်) သို့ ပြည့်ဖြိုးကျော် (၂၈)နှစ် (အမှတ်(၂/၁၃၉) တပင်ရွှေထီးလမ်း၊ လှိုင်သာယာမြို့နယ်နေသူ YGN 7J-5683 HINO မောင်းနှင်လာသော အပြာရောင်ကွန်တိန်နာ အဌားယာဉ်သည် ပြည်ထောင်စုလမ်းနှင့် မင်းရဲကျော်စွာမီးပွိုင့်အရောက် အရှိန်လွန်ကာ ၎င်းရှေ့ရှိ ယာဉ်မောင်းကျော်နိုင်ဦး(၅၅)နှစ် အမှတ်(၄၃၅) အောင်ရတနာလမ်း၊ (၇) ရပ်ကွက်၊ ဒဂုံအရှေ့ မြို့နယ်နေသူ မောင်းနှင်သော YGN AA-8069 PROBOX အဌားယာဉ်အား ဝင်တိုက်မိပြီး တိုက်မိ သည့်အရှိန်ဖြင့် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ကိုထက်နိုင်ဦး(၂၉)နှစ်၊ အမှတ်(၁၆၃၅)၊ စိန္တာမဏိလမ်း၊ (၄၀)ရပ်ကွက်၊ ဒဂုံမြောက် မြိို့နယ် နေထိုင်သူ မောင်းနှင်လာသော YGN 4N-8035 DUMP TRUCK အဖြူရောင်ကားအား ထပ်မံ တိုက်မိခဲ့ကြောင်း၊ အဆိုပါကားမှ အတိုက်ခံရသည့် အရှိန်ဖြင့် ပြည်ထောင်စုလမ်းအတိုင်း တောင်မှ မြောက်သို့ ယာဉ်မောင်း ကိုအောင်ကိုဦး၊ (၃၉)နှစ်၊ အမှတ်(၉၀၀/ခ)၊ ငုဝါလမ်း(၅၁)ရပ်ကွက်၊ ဒဂုံမြောက်မြို့နယ်နေသူ မောင်းနှင်လာသည့် YGN DD-2495 COROLLA အဖြူရောင် အငှားယာဉ်၊ မျက်နှာချင်းဆိုင် ဝဲဘက်လမ်းအစပ်တွင် မောင်းသူမဲ့ ရပ်တန့်ထားသော YGN 7E-4987 MARK -II အဖြူရောင်(ပိုင်)ယာဉ်နှင့် MON 3N-7336 SUZUKI PICKUP အဖြူရောင်(ပိုင်)ယာဉ်တို့အား အဆင့်ဆင့် တိုက်မိသွားခဲ့ပြီး YGN 7J-5683 HINO အပြာရောင်ကွန်တိန်နာ အဌားယာဉ်မှာ YGN 4N-8035 DUMP TRUCK အဖြူရောင်အငှားယာဉ်ဖြင့် တိုက်မိသည့် အရှိန်ဖြင့် ၎င်းယာဉ်၏ ဝဲဘက်တွင် မီးနီ၍ ရပ်တန့်ထားသော ဦးသိန်းထွန်း(၆၃)နှစ်၊ အမှတ်(၄၃၈)၊ မိုးမခလမ်း၊ (၄၆)ရပ်ကွက် ဒဂုံမြောက် မြို့နယ်နေသူ မောင်းနှင်သော YGN 11-8903 HONDA FIT အပြာရောင် ယာဉ်၊ ယာဉ်မောင်းကိုစည်သူအောင်(၃၅)နှစ်၊ တိုက်(E-1)၊ အခန်း(၁၀၂)၊ တော့စတားအိမ်ရာ၊ (၆၅)ရပ်ကွက် ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်လာသော YGN 2H-5457 SUZUKI CARRY အဖြူရောင်(ပိုင်)ယာဉ်ပေါ်သို့ တိမ်းမှောက်သွားခဲ့သည်။

အဆိုပါယာဉ်သည် တိမ်းမှောက်သွားပြီး ဆက်လက်၍ ရပ်တန့်ထားသော ကိုဟန်လင်းအောင် (၃၃)နှစ်၊(၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူ မောင်းနှင်သော YGN 8K-7346 TOWNACE အဖြူရောင် (ပိုင်)ယာဉ်အားထပ်မံထိမိခဲ့သဖြင့် ယာဉ်(၉)စီး ဆက်တိုက်မိပြီး စုစုပေါင်းတန်ဖိုးငွေ (၁၂၄)သိန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ယာဉ်တိုက် မှုကြောင့် အမျိုးသမီးတစ်ဦး၊ ရင်ဘက်နာကျင်၊ ဦးခေါင်းနောက်စေ့ဝဲဘက်၊ နဖူးတို့ ဖူးရောင်ဒဏ်ရာ၊ အမျိုးသားနှစ်ဦးပွန်းခြစ်ဒဏ်ရာနှင့် ဝဲမျက်ခုံး စုတ်ပြဲဒဏ်ရာများရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် ပြင်ပလူနာ (မစိုးရိမ်ရ)များ အဖြစ် တင်ပို့ကုသထားပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ပြည့်ဖြိုးကျော်အား ယာဉ်မှုစစ်မှ ဥပဒေအရ အရေးယူဆောင်ရွက်လျက် ရှိကြောင်းမြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.