Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က (၇) ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား စက်မှု နှင့် ကူးသန်းရောင်းဝယ်ရေး ထိပ်သီး အစည်းအဝေး အား တက်ရောက်

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချန်တူး ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် က ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း အချိန်တွင် စီချွန်း ပြည်နယ် ချန်တူး မြို့ တွင် ကျင်းပ ပြုလုပ်သည့် (၇) ကြိမ်မြောက် တရုတ်-ဂျပန်-တောင်ကိုရီးယား စက်မှု နှင့် ကူးသန်းရောင်းဝယ်ရေး ထိပ်သီး အစည်းအဝေး အား တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင်း ၊ ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေ တို့နှင့် အတူတကွ တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု စတင်ပြီး နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှု အမျိုးမျိုး ဖြစ်ပွား ခဲ့သော်လည်း တရုတ်-ဂျပန်-တောင်ကိုရီးယား လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို အဆက်မပြတ် တွန်းအားပေး ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ အခြေအနေ က ရှုပ်ထွေးနက်ရှိုင်းစွာ ပြောင်းလဲမှု များဖြစ်ပေါ်နေပြီး တရုတ်-ဂျပန်-တောင်ကိုရီးယား အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် အနာဂတ်ကို ဦးတည်ကာ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း ၊ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုအား တိုးချဲ့ဆောင်ရွက်သွားပြီး အတူတကွ စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ဒေသတွင်း မှ ကမ္ဘာ့ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှု အသစ်များကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တရုတ် နိုင်ငံ ဝန်ကြီးချုပ် က မိမိ တို့ ၃ နိုင်ငံ အနေဖြင့် အတူတကွ ဒေသတွင်း စီးပွားရေး တူညီသည့် အဆင့်ဖြင့် မြှင့်တင်သွားရမည် ဖြစ်ကြောင်း ၊ ၃ နိုင်ငံ အနေဖြင့် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ဆွေးနွေးမှု တွင် လက်တွေ့တိုးတက်မှု ရရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တောင်ကိုရီးယား နိုင်ငံ နှင့် ဂျပန် နိုင်ငံ တို့နှင့် အတူတကွ ဖြည့်စွက်မှုများ ဆောင်ရွက်ကာ ဈေးကွက်စီးပွားရေး ရပ်တည်မှု အလျှောက် ပူးပေါင်းဆောင်ရွက်မှု အား ဆက်လက်တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ နှင့် ဂျပန် နိုင်ငံ ခေါင်းဆောင်တို့ က တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် ဝါဒ ဆောင်ရွက်မှု အပေါ် မြင့်မားစွာ ချီးမွမ်းကြောင်း ၊ လက်ရှိချိန်တွင် ၃ နိုင်ငံ အနေဖြင့် အပြန်အလှန် ဖြည့်စွက်မှုများ ဆောင်ရွက်ပြီး အတူတကွ စိန်ခေါ်မှုများ ကို လက်တွဲရင်ဆိုင်သွားရမည် ဖြစ်ကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ နှင့် ဂျပန် နိုင်ငံ က တရုတ် နိုင်ငံ နှင့် အတူတကွ လွတ်လပ်စွာ ကုန်သွယ်မှု ကို ထိန်းသိမ်းသွားပြီး တရားမျှတသည့် စီးပွားရေး ပတ်ဝန်းကျင် ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ၃ နိုင်ငံ အနေဖြင့် RCEP စာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပြီး တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန် ဆွေးနွေးမှု အား တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ များကို ချိတ်ဆက်သွားပြီး အာရှတိုက် ၏ ခေတ်သစ် နှင့် ကောင်းမွန်သည့် အနာဂတ် ကို ဖွင့်လှစ်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။(Xinhua)