ပေကျင်း၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်း(Wang Qishan)နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာ(Subrahmanyam Jaishankar)တို့သည် သြဂုတ် ၁၂ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိဗ် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် Ukroboronprom အုပ်စု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံပိုင် တင့်ကားထုတ်လုပ်သည့် Lviv စက်ရုံမှ ၂ဝ၁၇ မော်ဒယ် T-64 ခေတ်မီနောက်ဆုံးပေါ် တင့်ကားမျိုးဆက်ကို ပြသခဲ့ကြောင်း Ukroboronprom အုပ်စု၏ သြဂုတ် ၁၂ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၁၁ ရက်တွင် အဆိုပါ အားကစား ပြိုင်ပွဲရုံ(၁)၌...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်လျက်ရှိပြီး တစ်နိုင်လုံးအတိုင်းအတာဖြင့် မိုးကြီးနိုင်ကြောင်း၊ မုတ်သုံပိုမိုအားကောင်းနိုင်ကြောင်း၊ ယခုနှစ် ဇူလိုင်လ နှင့် သြဂုတ် တွင် မိုးလယ်မုတ်သုံအားကောင်းလျက်ရှိကာ ရာသီဥတုပြောင်းလာသည့် အတွက် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ပိုများလာကြောင်း၊ မိုးလေဝသ...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိမြို့တွင် သြဂုတ်လ ၁၂ ရက်က ဗလီတစ်ခု ခေါင်မိုးပြိုကျမှုကြောင့် ဝတ်ပြုဆုတောင်းနေသူ ၁ ဦး သေဆုံးပြီး အခြားသူ ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။