Connect with us

Education & Health

မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိ

ဆီးချိုတိုင်းတာမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်းဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ကမ္ဘာတစ်ဝန်းလုံးတွင် မကူးစက်နိုင်သောရောဂါများ ကြောင့် နှစ်စဉ်လူဦးရေ ၄၁ သန်းခန့် သေဆုံးလျက်ရှိပြီး သေဆုံးသူများ အနက် ၁၅ သန်းခန့်သည် အသက် ၃၀ နှင့် ၆၉ နှစ်ကြား ရှိသူများဖြစ်ပြီး ၈၅ ရာခိုင်နှုန်းကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သည့် WHO STEP Survey အစီရင်ခံစာအရ အသက် (၂၅-၆၅)နှစ် အရွယ်အတွင်း ဆီးချိုဖြစ်ပွားနေသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ဆီးချိုဖြစ်ပွားနိုင်ခြေရှိသောသူများ များပြား လျက်ရှိနေသည်ကိုလည်း တွေ့ရှိရသည်။ ထို့အပြင် သွေးတိုးရောဂါဖြစ်ပွားနေသူများမှာ ၂၆ ရာခိုင်နှုန်း၊ သွေးတွင်းအဆီဓာတ်များနေသူများမှာ ၃၆ ဒသမ ၇ ရာခိုင်နှုန်း၊ ဆေးလိပ်/ဆေးရွက်ကြီးသုံးစွဲသူ ၅၄ ဒသမ ၄ ရာခိုင်နှုန်း အဝလွန်ကဲသူ ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည်ကို တွေ့ရှိရကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.