ကဘူးလ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်လေဆိပ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်ဂိုဏ်းတစ်ခုအကြား သြဂုတ်လ ၇ ရက် နံနက်အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ရပ်နှင့် မျက်မြင်သက်သေများက ပြောခဲ့သည်။
တီဟီရန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အီရန်စစ်တပ်က ပြည်တွင်းလုပ် ပစ်မှတ်အား တိကျစွာ ထိမှန်အောင် ထိန်းချုပ်ပစ်ခတ်နိုင်သော အဆင့်မြင့် စမတ်ဗုံး နှစ်မျိုး နှင့် ဒုံးကျည်သစ် တစ်မျိုးကို သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) တရုတ်သိပ္ပံပညာရှင်များက အသိဉာဏ်အစားထိုး ချစ်ပ်ပြား ပုံစံသစ်တစ်မျိုးကို တီထွင်အောင်မြင်ခဲ့ပြီးနောက် ၎င်း ချစ်ပ် ပြားကို မောင်းသူမဲ့ စက်ဘီးအတွင်း ထည့်သွင်းကာ စမ်းသပ်အသုံးပြုခဲ့ကြောင်းသိရသည်။ ၎င်း မောင်းသူမဲ့ စက်ဘီးမှာ သွားရန် သတ်မှတ်ထားသည့်နေရာနှင့် လမ်းကြောင်းကို ထောက်လှမ်းနိုင်ပြီး အတားအဆီးများကို ရှောင်ရှားနိုင်ကာ အလိုအလျောက်...