Connect with us

Europe

အမေရိကန်က F-35 ရောင်းချရေးကို ဆက်လက်ငြင်းဆန်နေလျှင် “မည်သည့်ဖက်ကို မဆို မျက်နှာမူမည်” ဟု တူရကီခြိမ်းခြောက်

အမေရိကန်နိုင်ငံထုတ် F-35 တိုက်လေယာဉ် အားတွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ နိုဝင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အကယ်၍ အမေရိကန်အနေဖြင့် F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးအပ်ရန် စဉ်းစား တွေးတောနေအုံးမည်ဆိုပါက တူရကီသည် ၎င်း၏ ကာကွယ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် “ မည်သည့်ဖက် ကိုမဆို မျက်နှာမူ” ဆက်ဆံသွား ရလိမ့်မည်ဖြစ်ကြောင်း တူရကီနိုင်ငံသမ္မတ အာဒိုဂန်က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ တကယ်လို့ အခု ဖြစ်ပေါ်နေတဲ့ F-35 ဂျက်တိုက်လေယာဉ် အငြင်းပွားမှုကိစ္စ ဆက်ဖြစ်နေအုံးမယ်ဆိုရင် တူရကီဟာ သူ့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဘယ်နိုင်ငံကို မဆို မျက်နှာမူ ဆက်ဆံသွားရမှာပါ” ဟု တူရကီလွှတ်တော်၌ ၎င်း၏ ပါတီဝင်များအား မိန့်ခွန်းပြောကြားစဉ် အာဒိုဂန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံထုတ် F-35 တိုက်လေယာဉ် အားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံထုတ် F-35 တိုက်လေယာဉ် အားတွေ့ရစဉ်(ဆင်ဟွာ)

တူရကီသမ္မတသည် ပြီးခဲ့သော ရက်သတ္တပတ်က အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တူရကီအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ် ရယူရေး အစီအစဉ်ကို နောက်ဆုတ်လိမ့်မည်မဟုတ်ကြောင်း အာဒိုဂန်က ဆိုသည်။

“ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်တွေရဲ့ အဓိက ပြဿနာဟာ S-400 အလှည့်အပြောင်းပဲ ဖြစ်ပါတယ် ။ အဲဒီ S-400 ကိစ္စကို အဖြေရှာဖို့ အမေရိကန်သမ္မတထရမ့်နဲ့ ကျွန်တော်တို့ သဘောတူညီမှု ရှိတဲ့အကြောင်းကို ကျွန်တော်တို့ ရဲ့ တာဝန်ရှိသူတွေကို အသိပေးထားပြီး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တူရကီ၏ ရုရှားနိုင်ငံထံမှ S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ရယူရေး ကြိုးပမ်းမှုကြောင့် အမေရိကန်အစိုးရသည် ပြီးခဲ့သော ဇူလိုင်လက တူရကီနိုင်ငံနှင့် F-35 ပဉ္စမမျိုးဆက် တိုက်လေယာဉ်များ ပူးတွဲထုတ်လုပ်ရေး အစီအစဉ်ကို ဆိုင်းငံ့ခဲ့သည်။

ရုရှားနိုင်ငံက တူရကီနိုင်ငံသို့ Su-35 (သို့မဟုတ်) Su-57 လေယာဉ်များ ရောင်းချရေး အလားအလာရှိသော သဘောတူညီမှုတစ်ခု ချုပ်ဆိုရန်အတွက် ၎င်းအနေနှင့် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြောကြားထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.