Connect with us

Economy

နည်းပညာကဏ္ဍလက်တွဲဆောင်ရွက်မှုများ တိုးမြှင့်ရန် တရုတ်-မြန်မာနှစ်နိုင်ငံ ကုမ္ပဏီအကြား လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုး

GRG Banking Chairman of the Board ဥက္ကဋ္ဌ Mr. Andy Wong နှင့် Uranus Group of Companies ၏ Chief Executive Officer ဦးမင်းညီအေးတို့မှ နှစ်ဖက်ကုမ္ပဏီကိုယ်စား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ)

နည်းပညာကဏ္ဍ လက်တွဲဆောင်ရွက်မှုများ တိုးမြှင့်ရန် တရုတ်နိုင်ငံ GRG Banking Equipment(HK)Co.,Ltd.  နှင့် Uranus Group of Companies တို့အကြား နှစ်ဦးနှစ်ဖက် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်)က ရန်ကုန်မြို့ LOTTE Hotelတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်ကို  GRG Bankingမှ Chairman of the Board ဥက္ကဋ္ဌ Mr. Andy Wong နှင့် Uranus Group of Companies ၏ Chief Executive Officer ဦးမင်းညီအေးတို့မှ နှစ်ဖက်ကုမ္ပဏီကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြရာ သဘောတူညီချက်ပါ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများမှာ AI နည်းပညာပိုင်းဆိုင်ရာများ၊ Biometric Authentication၊ Digital ဘဏ်ခွဲများ ၊ User Experience Enhancement , Intelligent Payment , Intelligent Transportation , Smart City နည်းပညာများ ၊ Intelligent Convenience Retail Data Platformများနှင့် Intelligent Government Service စသည်တို့ ဖြစ်ကြကြောင်း သိရသည်။

GRG Banking Chairman of the Board ဥက္ကဋ္ဌ Mr. Andy Wong နှင့် Uranus Group of Companies ၏ Chief Executive Officer ဦးမင်းညီအေးတို့မှ နှစ်ဖက်ကုမ္ပဏီကိုယ်စား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးစဉ်(ဆင်ဟွာ) 

နှစ်ဖက်ကုမွဏီအကြား အမှတ်တရ လက်ဆောင်ပစ္စည်းအပြန်အလှန်ပေးအပ်စဉ်(ဆင်ဟွာ)

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

GRG Banking သည် ကမ္ဘာ့ AI နည်းပညာလုပ်ငန်းနယ်ပယ်တွင် ထိပ်တန်းမှဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး နည်းပညာသစ်များဖြစ်သော Banking Transformation Solutionများတွင် လိုအပ်သည့် Biometric နည်းပညာ၊ အသံနှင့် ကွန်ပြူတာ ထိန်းချုပ်ဆက်သွယ်ရေးနည်းစနစ်များကို အောင်မြင်စွာတီထွင်ဖန်တီးနေကြောင်း သိရသည်။ GRG Banking ကုမ္ပဏီသည် ATM ထုတ်လုပ်မှု လုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ နံပါတ် တစ် ၊ ကမ္ဘာ့ နံပါတ်သုံး စာရင်းဝင်ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံတွင် အသုံးပြုနေသော ATM manufacturerလေးခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)