ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်၍ မဒေါက်မြို့၌ လူနေအိမ်များ ရေနစ်မြုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ တွင် ဇူလိုင် ၂၅ ရက် ကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) BRICS အဖွဲ့ဝင်နိုင်ငံများအား အခွင့်အလမ်းများကို အရအမိယူနိုင်ရန်၊ တီထွင်ဆန်းသစ်မှုတွင် တိုးမြှင့်ဖြည့်ဆည်းရန်နှင့် တိုးတက်မှုဧရိယာသစ် ဖန်တီးရာတွင် အလေးထားရန် တရုတ်နို်င်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။
ဗီယင်ကျန်း၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံဝန်ကြီးချုပ် Thongloun Sisoulith က လာအိုနိုင်ငံ တောင်ပိုင်းတွင် ယခုအပတ်အစောပိုင်းက ဆည်ကျိုးကျမှုကြောင့် လူ ၁၃၁ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျေရုစ်စလင် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ လေတပ် အနေဖြင့် ဇူလိုင်လ ၂၅ ရက် ၌ ဆီးရီးယား နိုင်ငံ အတွင်း ရှိ ဒုံးကျည် ပစ်လွှတ်စင် အား...